တိုကျို၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) လွှတ်တော်နှစ်ရပ်လုံးတွင် ထောက်ခံမဲအများစုကို ရရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်ဖြစ်သူ ရှိဂဲရု အီရှီဘာသည် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် အောက်တိုဘာ ၁ ရက်တွင် တရားဝင် တင်မြှောက်ခံခဲ့ရသည်။ ဝန်ကြီးချုပ်သစ်အား ရွေးချယ်တင်မြှောက်ရန်အတွက် ဂျပန်နိုင်ငံ၏ ဒိုင်းယက်...
ဘန်ကောက်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက ဝန်ကြီးချုပ် ပေထွန်ထန် ရှင်နာဝပ်ထရာ၏ ဦးဆောင်မှုအောက်တွင် တာဝန်ထမ်းဆောင်မည့် အစိုးရအဖွဲ့သစ်အား အတည်ပြုခန့်အပ်ခဲ့ကြောင်း စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် တော်ဝင်အမိန့်ပြန်တမ်းအရ သိရသည်။ ဘုရင် မဟာဝဇီရာလောင်ကွန်းက ဒုတိယဝန်ကြီးချုပ် ၆ ဦးနှင့် အခြားဝန်ကြီးများ...
ဘန်ကောက်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၏ ဖြူထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ကျောထောက်နောက်ခံပေးထားသည့် ကိုယ်စားလှယ်လောင်း ပေထွန်ထန် ရှင်နာဝပ်ထရာသည် ပါလီမန်မဲခွဲဆုံးဖြတ်မှုအတွင်း လိုအပ်သော ထောက်ခံမဲအရေအတွက်ကို ရရှိခဲ့ပြီးနောက် ဩဂုတ် ၁၆ ရက်တွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။
တိုကျို၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါသည် လာမည့်လတွင် ပြုလုပ်မည့် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌရွေးပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဒေသတွင်းမီဒီယာများက ဩဂုတ် ၁၄ ရက်၌ သတင်းဖော်ပြခဲ့သည်။ LDP ပါတီအတွင်း ရန်ပုံငွေအလွဲသုံးစားမှုများပြုလုပ်ကြောင်း ဝေဖန်မှုမြင့်မားလာခြင်းနှင့် ထောက်ခံမှုနှုန်းများ...
ဘာလင်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Scholz သည် ၂၀၂၅ ခုနှစ် ပြည်ထောင်စုလွှတ်တော်ရွေးကောက်ပွဲတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံရန် ကြိုးပမ်းမည်ဟု ဘာလင်မြို့တွင် ဇူလိုင် ၂၄ ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။ လက်ရှိတွင်...
ဖနွမ်းပင်၊ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ တရုတ်နိုင်ငံမှ လျှပ်စစ်ကားကုမ္ပဏီ BYD က ကားထုတ်လုပ်ရေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ကြိုဆိုကြောင်း ဝန်ကြီးချုပ်ဟွန်မန်နက်က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။ လျှပ်စစ်ကားကုမ္ပဏီ BYD ၏ အာရှ-ပစိဖိတ်ဒေသ အရောင်းဌာန အထွေထွေမန်နေဂျာ Liu...
ကွာလာလမ်ပူ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် ဇွန် ၁၉ ရက် နံနက်ပိုင်းက မလေးရှားဝန်ကြီးချုပ် အိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ကင်ဘာရာ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဩစတြေးလျနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ Susan Lines ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ Milton Dick တို့နှင့် ဇွန် ၁၇ ရက် နံနက်ပိုင်းက ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့၌...
ဘရပ်ဆဲလ်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံနိုင်ငံ ဝန်ကြီးချုပ် Alexander De Croo သည် ပါလီမန်ရွေးကောက်ပွဲတွင် ၎င်း၏ Open VLD ပါတီက စွမ်းဆောင်မှုအားနည်းခဲ့သည့်အတွက် ၎င်းအနေဖြင့် ဇွန် ၁၀ ရက်၌ ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း ဇွန် ၉ ရက်တွင် ကြေညာခဲ့သည်။...
တီဟီရန်၊ မေ ၂၀ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ ရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် ရဟတ်ယာဉ်မတော်တဆမှုတွင် ကွယ်လွန်သွားခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့ကြောင်း သိရသည်။ “အီရန်သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ကို တင်ဆောင်ထားတဲ့ ရဟတ်ယာဉ်ပေါ်ရှိ ခရီးသည်များအားလုံး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း Mehr သတင်းအေဂျင်စီက အတည်ပြုဖော်ပြခဲ့သည်။ သမ္မတ ရိုင်စီနှင့် အခြားအဆင့်မြင့်တာဝန်ရှိသူများကို...