ကိုလံဘို၊ ဧပြီ ၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa သည် မည်သို့သော အခြေအနေအောက်တွင်မဆို ရာထူးမှနုတ်ထွက်လိမ့်မဟုတ်ကြောင်း အစိုးရအဖွဲ့အကြီးအကဲ Whip Johnston Fernando က လွှတ်တော်တွင် ဧပြီ ၆ ရက်၌ ပြောကြားခဲ့သည်။ Fernando က နိုင်ငံသား...
ကိဗ် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင်များပြန်လည်ရုပ်သိမ်းသွားပြီးနောက် ရာပေါင်းများစွာသော အရပ်သားပြည်သူများ စုပြုံသတ်ဖြတ်ခြင်းခံထားရသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း စွပ်စွဲထားသည့် ကိဗ်မြို့တော်အပြင်ဘက် ဘူချာမြို့ငယ်(Bucha) သို့ ယူကရိန်းနိုင်ငံသမ္မတဇယ်လန်းစကီးသည် ဧပြီ ၄ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယခုရက်သတ္တပတ်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပပြုလုပ်သော ယူကရိန်း – ရုရှား အစီးအဝေးပွဲအတွင်း ညှိနှိုင်းဆွေးနွေးခဲ့သော သဘောတူညီချက်မူကြမ်းများသည် ယူကရိန်းသမ္မတ နှင့် ရုရှားသမ္မတတို့ တွေ့ဆုံဆွေးနွေးရန်အတွက် ယခုအခါ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ယူကရိန်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် David Arakhamia က ဧပြီ...
Ouagadougou ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာကီးနားဖားဆို နိုင်ငံမှ စစ်အာဏာသိမ်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ပေါလ်-ဟန်ရီ ဆန်ဒိုဂို ဒမ်မီဘာ (Lt. Col. Paul-Henri Sandaogo Damiba ) က နိုင်ငံ၏ သမ္မတသစ်အဖြစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ဘာကီးနားဖားဆိုနိုင်ငံတွင် “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသော အစိုးရအပြောင်းအလဲ” နှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းနှင့် သမ္မတ Roch Marc Christian Kabore နှင့် အခြားအစိုးရအရာရှိများကို လွှတ်ပေးရန်နှင့် အကာအကွယ်ပေးရန် ဖေဖော်ဝါရီ ၉ ရက်၌ ကုလသမဂ္ဂက တိုက်တွန်းပြောကြားခဲ့သည်။
ဒါအိစ်ဆာလမ် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံသမ္မတ Samia Suluhu Hassanသည် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် တရုတ်နိုင်ငံအတွက် ဆုမွန်ကောင်းတောင်းစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဘေးကင်းစိတ်ချရသည့်သောက်သုံးရေရရှိမှု ၊ ပိုမိုကောင်းမွန်သောအဝတ်အထည်များနှင့် အနွေးထည်များ ရရှိရန် စသဖြင့် မည်မျှပင်အလုပ်များပေလင့်ကစား တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အခြေခံလူတန်းစားပြည်သူများ ထံသို့ သွားရောက် ကာ ၎င်းတို့၏ လိုအပ်ချက်များကို အမြဲ မေးမြန်းလေ့ရှိသူဖြစ်သည်။ သမ္မတရှီကျင့်ဖိန်သည် ပြည်သူများ၏ အကျိုးသယ်ပိုးရန်အစဉ်တစ်စိုက် စိတ်ထဲတွင် ထားရှိတတ်ပုံကို...
ခါတွမ်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) နိုင်ငံအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးအကြပ်အတည်းများကြောင့် ဆူဒန်နိုင်ငံဝန်ကြီးချုပ် အဗ်ဒလာဟမ်ဒေါ့ခ် (Abdall Hamdok) သည် ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်ကြောင်း ဇန်နဝါရီ ၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
ဂျိုဟန်နက်စ်ဘတ် ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံသမ္မတ Cyril Ramaphosa သည် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ရောဂါလက္ခဏာမပြင်းထန်သော COVID-19 ရောဂါအတွက် ဆေးကုသမှုခံယူလျက်ရှိကြောင်း သမ္မတရုံးက ဒီဇင်ဘာ ၁၂ ရက် ညပိုင်းတွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားပြီးသော သမ္မတ Ramaphosa...
တီဟီရန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) အကယ်၍ အမေရိကန်နိုင်ငံအနေဖြင့် အီရန်အပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဆိုပါက နျူကလီးယားဆွေးနွေးမှုများသည် “ ကောင်းမွန်သောသဘောတူညီမှု ”တစ်ခု ရရှိနိုင်လိမ့်မည်ဟု အီရန်က မျှော်လင့်ထားကြောင်း အီရန်နိုင်ငံသမ္မတ အီဘရာဟင်ရိုင်စီ က စနေနေ့တွင်ပြောကြားခဲ့သည်။