Connect with us

Videos

နီပေါနိုင်ငံ၏ သမ္မတသစ် စတင်တာဝန်ထမ်းဆောင်

ခတ္တမန္ဒူ ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ၏ အသစ်ရွေးကောက်တင်မြှောက်ထားသည့်သမ္မတ Ram Chandra Poudel သည် ၎င်း၏ ငါးနှစ်သက်တမ်း စတင်တာဝန်ထမ်းဆောင်ရန် မတ် ၁၃ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။သမ္မတသစ် Poudel က သမ္မတရုံး၌ ယာယီတရားသူကြီးချုပ် Hari Krishna Karki ၏ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ သမ္မတသစ် Poudel သည် ယခင်သမ္မတ Bidya Devi Bhandri နေရာအား ဆက်ခံခဲ့ခြင်း ဖြစ်သည်။

အသက် ၇၈ နှစ်အရွယ် Poudel သည် ပါတီ ၈ ခု၏ ကိုယ်စားလှယ်အဖြစ် မတ် ၉ ရက်က သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး နီပေါနိုင်ငံ၏ သုံးဦးမြောက်သမ္မတ ဖြစ်လာခဲ့သည်။ နီပေါနိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် သမ္မတနိုင်ငံ ဖြစ်လာခဲ့သည်။

သမ္မတရွေးကောက်ပွဲတွင် အောက်လွှတ်တော် ၊ အမျိုးသားလွှတ်တော် နှင့် ပြည်နယ်လွှတ်တော် ၇ ခုမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)
——————————
Nepal’s new president takes office
Newly elected President of Nepal Ram Chandra Poudel was sworn in on Monday to start his five-year term.
Poudel was administered the oath of office and secrecy by acting Chief Justice Hari Krishna Karki at the Office of the President. He succeeded Bidya Devi Bhandri.
Poudel, 78, won the presidential vote on March 9 as the candidate of eight parties, becoming the third president of Nepal, which became a republic in 2008.
The presidential vote involved members of the House of Representatives, the National Assembly and the seven provincial assemblies.
Xinhua News Agency correspondents reporting from Kathmandu.
(XHTV)