Local4 years ago
မော်တော်ယာဉ်အရောင်းပြခန်းများအတွက်သွင်းကုန်လိုင်စင်လျောက်ထားမှုအောက်တိုဘာလဆန်းမှစ၍ Fully Online စနစ်ဖြင့်ဆောင်ရွက်ပေးလျက်ရှိ
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) မော်တော်ယာဉ်အရောင်းပြခန်း (Showroom)များအတွက် သွင်းကုန်လိုင်စင်လျောက်ထားမှုအား အောက်တိုဘာလဆန်းမှစတင်ပြီး Fully Online စနစ်ဖြင့် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းကဆင်ဟွာသို့ အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။