မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဟေတီနိုင်ငံ မြောက်ပိုင်း၌ လောင်စာဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံးလူပေါင်း ၆၀ ခန့် သေဆုံးပြီး အခြား ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မီဒီယာ နှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
လက်စ်ကိုင်၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ) ဟေတီနိင်ငံတွင် ဩဂုတ် ၁၄ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား (၇.၂)အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် ဩဂုတ် ၂၂ ရက် နံနက်ပိုင်းအထိ သေဆုံးသူ (၂,၂၀၇)ဦး၊ ဒဏ်ရာရသူ (၁၂,၂၆၈)ဦးရှိပြီး အခြားပျောက်ဆုံးသူ(၃၄၄)ဦး ရှိကြောင်း ဟေတီမြို့ပြကာကွယ်ရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။ နိုင်ငံတောင်ပိုင်းတွင်...
လက်စ်ကိုင်၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) ဟေတီနိုင်ငံ အနောက်ပိုင်းဒေသတွင် ဩဂုတ် ၁၄ ရက်က ပြင်းအား (၇.၂)အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ ဩဂုတ် ၁၇ ရက် ညနေပိုင်းအထိ ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး (၁,၉၄၁)ဦး၊ ဒဏ်ရာရသူ(၉,၉၀၀)ဦးရှိကြောင်း ဟေတီမြို့ပြကာကွယ်ရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) ဟေတီနိုင်ငံတွင် ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၁,၂၉၇ ဦးထက်မနည်းရှိလာပြီဖြစ်ကြောင်း မြို့ပြကာကွယ်ရေးအေဂျင်စီက ဩဂုတ် ၁၅ ရက်က တွစ်တာပေါ်၌ နောက်ဆုံးထုတ်ပြန်ချက်၌ ပြောကြားထားသည်။ သေဆုံးသူစာရင်းများအရ Sud ဒေသတွင်...
ဂျာရီမိ ၊ ဩဂုတ် ၁၅ ရက်(ဆင်ဟွာ) ဟေတီနိုင်ငံတွင် ပြင်းအား ၇.၂ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူပေါင်း ၃၀၄ ဦးသေဆုံးပြီး အခြား ၁,၈၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် ငလျင်ကြောင့် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ နိုင်ငံ၏ အဝေးပြေးလမ်းမတစ်ခု လမ်းပိတ်သွားခဲ့ကြောင်း ဟေတီအာဏာပိုင်များက ဩဂုတ်...
ဂိုတာ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဟေတီနိုင်ငံ သမ္မတ ဂျိုဗီနယ်မော်စီ (Jovenel Moise) လုပ်ကြံခံရမှုတွင် ပါဝင်ပတ်သက်မှုရှိကြောင်း စွပ်စွဲခံထားရသည့် ရဲအရာရှိဟောင်းတစ်ဦး အပါအဝင် နောက်ထပ် ကိုလံဘီယာနိုင်ငံသား ၃ ဦးအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကိုလံဘီယာနိုင်ငံ အာဏာပိုင်များက ဇူလိုင် ၁၅ ရက်တွင်ကြေညာခဲ့သည်။ စစ်တပ်အရာရှိဟောင်းများဖြစ်သည့်...
ဝါရှင်တန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) လက်ရှိတွင် ဟေတီနိုင်ငံသို့ စစ်တပ်စေလွှတ်ရန် အမေရိကန်တွင် အစီအစဉ်မရှိသေးဟု အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) သမ္မတဂျိုဗီနယ်လ်မော်စီ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် နိုင်ငံအတွင်း ယိုးယွင်နေသော အခြေအနေအား ထိန်းသိမ်းရာ၌ အမေရိကန်တပ်ဖွဲ့ဝင်များ ဝင်ရောက် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ဟေတီနိုင်ငံ၏ တောင်းဆိုမှုအပေါ် စဉ်းစားသုံးသပ်နေဆဲဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ဟေတီနိုင်ငံ သမ္မတ ဂျိုဗီနယ်မော်စီ (Jovenel Moise)ကို လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သည့် သံသယရှိသူ အနည်းဆုံး (၂၈)ဦး ရှိရာ ရဲတပ်ဖွဲ့က သံသယတရားခံ (၁၇)ဦးကို ဖမ်းဆီးထားပြီး နောက်ကွယ်ညွှန်ကြားသူကို လိုက်လံရှာဖွေနေကြောင်း ဟေတီရဲတပ်ဖွဲ့က ဇူလိုင် ၈ ရက်တွင်...
ဝါရှင်တန် ၊ ဇူလိုင်၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်က ဟေတီနိုင်ငံသမ္မတဂျိုဗီနယ်မော်စီ (Jovenel Moise) လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် “ လူမဆန်သောလုပ်ရပ်” တစ်ခုအဖြစ် ဇူလိုင် ၇ ရက်က ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရသည်။