ဟောင်ကောင်၊နိုဝင်ဘာလ ၂၇ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းအကြမ်းဖက်ဆန္ဒပြသမားများက ဆယ်ရက် မြောက်အဖြစ် ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဝင်း (Hong Kong Polytechnic University campus)အတွင်းဆက်လက်စုရုံးနေခဲ့ကြပြီးနောက်ရဲတပ်ဖွဲ့ကတက္ကသိုလ်ဝင်းအတွင်းကျန် ရှိနေသူအားလုံးငြိမ်းချမ်းစွာဖြင့်အမြန်ဆုံးထွက်ခွာပေးကြရန် နိုဝင်ဘာလ ၂၆ ရက်က ထပ်မံတောင်းဆို ခဲ့သည်။
ဟောင်ကောင်၊နိုဝင်ဘာလ ၂၅ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သောဟောင်ကောင်တွင် ဒေသ ကောင်စီဝင်နေရာများအတွက်ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၂၄ ရက် နံနက်တွင်စတင်ကျင်းပခဲ့ရာ စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူများ၏ ၇၁ ဒသမ ၂ ရာခိုင်နှုန်းလာရောက်မဲပေးကြကာအောင်မြင်စွာကျင်းပ ပြီးစီးခဲ့ကြောင်းဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကနိုဝင် ဘာလ ၂၅ ရက်နံနက်တွင်ပြောကြားခဲ့သည်။
ဟောင်ကောင် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဟောင်ကောင်ဒေသခံ သုံးသိန်းကျော်သည် ဇူလိုင် ၂ဝ ရက် မွန်းလွဲပိုင်းတွင် အကြမ်းဖက်မှုဆန့်ကျင်ကြောင်း နှင့် ရဲတပ်ဖွဲ့အား ထောက်ခံကြောင်း စုရုံးဆန္ဒထုတ်ဖော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ဟောင်ကောင် ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ) ဟောင်ကောင်မှ ပထမဦးဆုံးအသုတ်မော်တော်ယာဉ်များသည် ကမ္ဘာ့အရှည်ဆုံးပင်လယ်ကူးတံတားပေါ်တွင် ယနေ့အောက်တိုဘာ ၂၄ ရက်၌ စတင်ဖြတ်သန်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဟောင်ကောင် ၊ မနီလာ ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့အလည်အပတ်ရောက်ရှိနေသော ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက မနီလာမြို့၌ ၂ဝ၁ဝ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် ဟောင်ကောင်ဒေသမှ ခရီးသွားများ ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီး အသတ်ခံရသော ကိစ္စအပေါ် ဧပြီ ၁၂ ရက်တွင် တောင်းပန်လိုက်ကြောင်း သိရသည်။
ဟောင်ကောင်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးသည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပသော ၂၁၀၇ ခုနှစ် အာရှ-ပစ်ဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်မည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးရုံးက နိုဝင်ဘာလ ၆ ရက်တွင် ကြေညာလိုက်သည်။
မနီလာ၊ ဟောင်ကောင်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်နိုင်ငံ ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (HKSAR) တို့သည် အာဆီယံ-ဟောင်ကောင် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (AHKFTA) နှင့် အာဆီယံ-ဟောင်ကောင် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်...
ဟောင်ကောင်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ စားနပ်ရိက္ခာဘေးကင်းရေး အာဏာပိုင်က ဥရောပ နိုင်ငံများ၌ ကြက်ဥအချို့တွင် ပိုးသတ်ဆေးပါဝင်ကြောင်း တွေ့ရှိပြီးနောက် ဥရောပမှ တင်သွင်းလာသော ကြက်ဥများ စစ်ဆေးခြင်းအား တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဟောင်ကောင် အစားအစာနှင့် ကျန်းမာရေးဆိုင်ရာ အတွင်းရေးမှူးက သြဂုတ်လ...
ဟောင်ကောင် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဇူလိုင်လ ၁ ရက်တွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ရှိ အဓိကအခြေခံအဆောက်အဦများကို လှည့်လည်စစ်ဆေးခဲ့ပြီး ၎င်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို တွန်းအားပေးမြှင့်တင်ရန် နှင့် ကြိုးပမ်းအားထုတ်မှုကို ဆက်လက်ထိန်းသိမ်းသွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ ဟောင်ကောင်၌ကျင်းပမည့် အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိမှု နှစ် ၂ဝ ပြည့်အခမ်းအနားသို့တက်ရောက်မည်ဖြစ်ကြောင်း ယနေ့ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။