ကီဂါလီ၊ မေ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အဆိုပြုသည့် ရပ်ဝန်းနှင့်ပိုးလမ်းမအစပျိုးဖော်ဆောင်မှုသည် နိုင်ငံများအား စီးပွားရေးအဆင့်မြှင့်တင်မှုမှတစ်ဆင့် တစ်ကမ္ဘာလုံးအတွက် အခြေခံအဆောက်အဦနှင့်ကုန်စည် ကူးသန်းရောင်းဝယ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ရဝမ်ဒါ တရုတ်ကျောင်းသားဟောင်းများ အဖွဲ့အစည်းဥက္ကဌဖြစ်သူ Theoneste Higaniro က ပြောကြားခဲ့သည်။ THEONESTE HIGANIRO က “ ရပ်ဝန်းနှင့်ပိုးလမ်းမ...
ကွေ့ယန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အဓိက အကြီးဆုံး အချက်အလက်သိုလှောင်သိမ်းဆည်းရာ ကွေ့ကျိုးပြည်နယ်က လာမည့် သုံးနှစ်တွင် ပြည်နယ်အတွင်း အခြေခံအဆောက်အဦသစ် တည်ဆောက်ရာ၌ တရုတ်ယွမ်ငွေ ၅၀ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၇.၉ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဟူပေ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) စီဝူ အမြန်အဝေးပြေးလမ်းမကြီး၏ ဟူပေပြည်နယ် ကျူဆန်းခရိုင် ရိရွှေမြို့နယ်ရှိ ပင်မတည်ဆောက်မှုအပိုင်းသည် ယခုရက်ပိုင်းတွင် အလုံးစုံပြီးစီးခဲ့ပြီဖြစ်ရာ တွဲဖက်ဆောက်လုပ်ရေးလုပ်ငန်းများကို ပြောင်းလဲ၍ ဘက်စုံဆောင်ရွက်လျက်ရှိ သည်။
ပိကျယ်၊ မတ် ၂၅ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျန့်-ဟက် အဝေးပြေးလမ်းမကြီး၏ ပိကျယ်လမ်းပိုင်းတည်ဆောက်မှုများကို တည်ငြိမ်စွာ တိုးတက်အောင် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။
ဖူအယ်၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ဖူအယ်မြို့ စီးမော်ဒေသမှ လျန်ချန်း လားဟူတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်သို့ သွားရောက်သည့် စီးလန် အဝေးပြေးလမ်းမကြီးကို ဇန်နဝါရီ ၂၀ ရက်က ဖွင့်လှစ်ခဲ့သည်။ စီးလန် အဝေးပြေးလမ်းမ၏ ပင်မလမ်းကြောင်း စုစုပေါင်းအရှည်မှာ (၁၂၅) ကီလိုမီတာ...