ဂျကာတာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ ဘန်ဂဝန်ဆိုလိုမြစ်တွင် လူဒါဇင်ပေါင်းများစွာ တင်ဆောင်လာသည့် ကနူးလှေတစ်စင်းသည် နိုဝင်ဘာ ၃ ရက်၌ တိမ်းမှောက်သွားပြီးနောက် လူ ၁၈ ဦးထက်မနည်း ပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဂျကာတာ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မာကူလူပြည်နယ်အနီး ပင်လယ်ပြင်တွင် နိုဝင်ဘာ ၂ ရက် ညပိုင်းက ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို မသိရှိရသေးကြောင်း သိရသည်။
ဂျကာတာ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် ဩစတြေးလျနိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်မည့် ဆုံးဖြတ်ချက်အပေါ် စိုးရိမ်မှုရှိကြောင်း၊ ထိုလုပ်ဆောင်ချက်သည် ဒေသတွင်း ပါဝါဖြန့်ကျက်မှု နှင့် တင်းမာမှုများ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဂျကာတာသို့လာရောက်သည့်ခရီးစဉ်အတွင်း ပြီးခဲ့သည့်တနင်္လာနေ့က...
ဂျကာတာ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဆေးဝါးနှင့် အစားအသောက်အာဏာပိုင် BPOM က တရုတ်နိုင်ငံ Anhui Zhifei Longcom ဇီဝဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သော Zifivax COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုခွင့် ထုတ်ပေးခဲ့ကြောင်း အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ အနောက်ဆူမတြားပြည်နယ်၊ Padang Pariaman ခရိုင်ရှိ ခရိုင်ခွဲ ၁၀ ခု၌ မိုးလေဝသနှင့် ဆက်စပ်သည့် သဘာဝဘေးကြောင့် လူ လေးဦးသေဆုံးခဲ့ပြီး အခြားလူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက စက်တင်ဘာ ၃၀ ရက်တွင်ပြောသည်။
ဂျကာတာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း (HSR) ၏ ရထားသံလမ်းနောက်ဆုံးအသုတ် တန် ၆,၆၀၀ မှာ အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဂျာဗားပြည်နယ်ရှိ Cilacap ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း ရထားလမ်း တည်ဆောက်ရေးက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့်...
ဂျကာတာ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာအနီးရှိ Tangerangမြို့ အကျဉ်းထောင်တစ်ခု၌ ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း(၄၁)ဦး သေဆုံးပြီးအခြား ဒဏ်ရာရသူ (၈၀)ခန့် ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဂျကာတာ၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းတည်ဆောက်မှုသည် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုများမြင့်တက်နေသည့်ကာလမှာပင် ဘက်စုံအပြည့်အဝဆောင်ရွက်လျက် ရှိသည်။ တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းသည် အမှတ်(၄) သတ္တုပုံသွင်းရုံတွင် လက်ရှိ ရထားသံလမ်းကို ဖြတ်ကျော်သည့် သေတ္တာပုံယက်မအား တနင်္ဂနွေနေ့တွင် ပြုလုပ်ပြီးဖြစ်ကြောင်းသိရသည်။ China Tiesiju Civil...
ဂျကာတာ၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဆူလာဝေစီ တန်ဂါရာပြည်နယ် ရေပြင်တွင် ဩဂုတ် ၁၆ ရက်က အနည်းဆုံးလူ ၃၄ ဦး တင်ဆောင်လာသည့် သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ KM Bukit Sumber Poleang သင်္ဘောသည်...
ဂျကာတာ ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအစိုးရသည် နိုင်ငံတွင် COVID-19 ရောဂါ ဒုတိယလှိုင်းအား ရင်ဆိုင်တိုက်ဖျက်ရန်အတွက် ပြည်ပမှ ဆေးဘက်ဆိုင်ရာအောက်ဆီဂျင်ဗူးများ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။