Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြား တွင် မိုးလေဝသနှင်ဆက်စပ်သော သဘာဝဘေးကြောင့် လူ ၄ ဦး သေဆုံး

ဂျကာတာ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၏ အနောက်ဆူမတြားပြည်နယ်၊ Padang Pariaman ခရိုင်ရှိ ခရိုင်ခွဲ ၁၀ ခု၌ မိုးလေဝသနှင့် ဆက်စပ်သည့် သဘာဝဘေးကြောင့် လူ လေးဦးသေဆုံးခဲ့ပြီး အခြားလူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက စက်တင်ဘာ ၃၀ ရက်တွင်ပြောသည်။“မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်ခဲ့တဲ့အတွက် နောက်ဆက်တွဲရေကြီးမှုကြောင့် မြေပြိုမှုတွေအောက်မှာ သူတို့ နစ်မြုပ်သေဆုံးသွားကြရတာပါ ’’ ဟု ၎င်းအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Abdul Muhari ကပြောသည်။

စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းမှ စတင်ရွာသွန်းခဲ့သည့်မိုးကြောင့် အိမ်ခြေ ၃၃၈လုံး၊ စပါးစိုက်ခင်း ၈၀ ဟက်တာ ဘုရားရှိခိုးကျောင်းတစ်ခုနှင့် စာသင်ကျောင်းတစ်ခု ရေနစ်မြုပ်ခဲ့ပြီး ယင်းသဘာဝဘေးကြောင့် လူ ၇၂ ဦးအားဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါရေလွှမ်းမိုးမှုကြောင့် အဝေးပြေးလမ်းပေါ်သို့ သစ်ပင်များလဲကျခဲ့သောကြောင့် အနောက်ဆူမတြားအတွင်း Minangkabau လေဆိပ် မှ Padang Pariaman သို့ သွားသည့်လမ်းမှာ ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Padang Pariaman ခရိုင်၏ ဒေသတွင်းသဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီသည် လူများအားကယ်ဆယ်ခြင်းနှင့် လဲကျနေသည့် သစ်ပင်များအားစက်ပစ္စည်းများဖြင့် ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
မိုးက စက်တင်ဘာ ၃၀ ရက်အထိ ဆက်လက်ရွာသွန်းခဲ့ပြီး အိမ်အများစုသည် ရေလွှမ်းမိုးခြင်းခံရသော်လည်း ယာဉ်အသွားအလာများမှာ ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————–
(English Version)
4 die in hydrometeorological disaster in Indonesia’s West Sumatra

JAKARTA, Sept. 30 (Xinhua) — Four people have been killed and five others injured as a hydrometeorological disaster hit 10 sub-districts in Padang Pariaman district, West Sumatra province, Indonesia’s National Disaster Management Agency said on Thursday.

“They were buried by landslides following heavy rains with strong winds which also caused flash floods,” the agency’s spokesperson Abdul Muhari said.
The rains that have occurred since Wednesday afternoon submerged 338 houses, 80 hectares of rice fields, a house of worship, and a school building, he said, adding that the disaster also forced 72 people to evacuate.

The deluge brought down trees on the provincial highway, making land traffic from Minangkabau Airport in West Sumatra to Padang Pariaman heavily congested.
The Regional Disaster Management Agency of Padang Pariaman district is currently evacuating people and recovering materials from the fallen trees.
Rains are still pouring on Thursday, inundating a number of houses, but traffic flow has returned to normal. Enditem