ဝါဆော ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံအကြား တင်းမာမှုများမြင့်တက်နေချိန်တွင် ယခုသီတင်းပတ်အတွင်း ပိုလန် ၊ ရိုမေးနီးယား နှင့် ဂျာမနီနိုင်ငံများသို့ အမေရိကန်တပ်ဖွဲ့ဝင်များ ထပ်မံ၍ တပ်ဖြန့်ချထားရန် အမေရိကန် နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ အမိန့်အရ ဖေဖော်ဝါရီ ၆ ရက်တွင်...
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ၏ နယ်စပ်များတွင် တင်းမာမှုများဖြစ်ပေါ်နေစဉ်အတွင်းမှာပင် အမေရိကန်နိုင်ငံက ဥရောပသို့ နောက်ထပ်တပ်ဖွဲ့ဝင်များအား စေလွှတ် တပ်ဖြန့်ချထားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါတပ်ဖြန့်ချထားမှုတွင် လက်ရှိ ဂျာမနီနိုင်ငံ၌ အခြေစိုက်နေသော အမေရိကန်တပ်ဖွဲ့ဝင် ၁,၀၀၀...
ပေကျင်း ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး စစ်ရေးမဟာမိတ်အဖွဲ့ဖြစ်သည့် NATO သည် ခေတ်မမီတော့သည့် စစ်အေးခတ် အမူအကျင့် နှင့် ဘက်လိုက်ခြင်းအတွေးအခေါ်ကို စွန့်လွှတ်သင့်ကြောင်း နှင့် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် အထောက်အကူပြုသည့် အရာများအား လုပ်ဆောင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက...
ပေကျင်း ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက တရုတ်နိုင်ငံသည် ပေကျင်းဆောင်းရာသီအိုလံပစ်အတွက် အမေရိကန် အစိုးရတာဝန်ရှိသူအချို့အား ဗီဇာများ ခွင့်ပြုပေးခဲ့ကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက နေ့စဉ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဆက်စပ်မေးခွန်းတစ်ခုအား ပြန်လည်ဖြေကြားရာတွင်...
ဂျေရုဆလမ် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် Arrow- 3 ပဲ့ထိန်းဒုံးကျည်ကြားဖြတ်ဟန့်တားရေးစနစ်ကို အောင်မြင်စွာ စမ်းသပ်လွှတ်တင်နိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၈ ရက်တွင် ကြေညာခဲ့သည်။
တီဟီရန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်ဗိုလ်ချုပ်ကြီးဟောင်း ကွီဆမ်ဆိုလီမန်နီအား လုပ်ကြံသတ်ဖြတ်မှုဖြင့် အမေရိကန်နိုင်ငံသား ၅၁ ဦးအား ၎င်းတို့၏ အခန်းကဏ္ဍများအတွက် ဇန်နဝါရီ ၈ ရက်တွင် အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း သိရသည်။
ပနားမားစီးတီး ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ဟေတီနိုင်ငံ ပို့တ်အော်ပရင့်စ်မြို့၌ သမ္မတ ဂျိုဗီနယ်မော်စီအား ဇူလိုင် ၇ ရက် လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သတ်သည့် ကိုလံဘီယာစစ်တပ်အရာရှိဟောင်းတစ်ဦးကို အမေရိကန်နိုင်ငံ တာဝန်ရှိသူများထံသို့ ပနားမားနိုင်ငံ တာဝန်ရှိသူများက ဇန်နဝါရီ ၄ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း ပနားမားအမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနထံမှ သိရသည်။ ကိုလံဘီယာစစ်တပ်အရာရှိဟောင်း...
တီဟီရန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ၏ ဒုံးကျည်စွမ်းရည်တိုးတက်မှုသည် အမေရိကန်၏ ဒေသဆိုင်ရာစစ်ရေးအစီအစဉ်အား စိန်ခေါ်မှုများ ဖြစ်ပေါ်စေကြောင်း အမေရိကန်နိုင်ငံရေးကျွမ်းကျင်ပညာရှင်တစ်ဦး၏ ပြောကြားချက်ကို အီရန်နိုင်ငံ Press TV သတင်းကွန်ရက်က ဇန်နဝါရီ ၂ ရက်တွင် ဖော်ပြခဲ့သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတက်ရောက်ရန်အတွက် အမေရိကန်နိုင်ငံ တာဝန်ရှိသူများ၏ ဗီဇာလျှောက်ထားမှုကို တရုတ်ဘက်က လက်ခံရရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၇ ရက်တွင် အတည်ပြုခဲ့သည်။ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲအတွင်း အမေရိကန်အားကစားသမားများအတွက် လုံခြုံရေး နှင့် ဆေးဘက်ဆိုင်ရာအကူအညီပေးရန် အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ...
ဒမတ်စကပ်စ် ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ဆီးရီးယားနိုင်ငံမှ သယံဇာတများအား ခိုးယူနေပြီး တရားမဝင် ပိတ်ဆို့အရေးယူမှုများ ချမှတ်နေကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး Faisal Mekdad က ဒီဇင်ဘာ ၂၇ ရက် နှောင်းပိုင်းတွင် ထုတ်လွှင်ခဲ့သည့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။ အမေရိကန်တပ်ဖွဲ့များသည် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF)လက်နက်ကိုင်များနှင့်အတူ...