ဟူစတန်၊မေ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့ပိုင်း နှင့် အရှေ့တောင်ပိုင်း ရှိ နေရာများသို့ ဂတ်စ်ဓာတ်ငွေ့ နှင့် ဒီဇယ်ဆီများ အဓိက ပို့လွှတ်ပေးနေသည့် ပိုက်လိုင်းမှာ ဆိုက်ဘာတိုက်ခိုက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် နှစ်ရက်ဆက်တိုက် ဆက်လက် ပိတ်ထားခဲ့ရကြောင်း ပိုက်လိုင်းကုမ္ပဏီက မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
နယူးယောက် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါကြောင့် သေဆုံးသူမှာ ဧပြီ ၁၇ ရက်တွင် ၃ သန်းကျော်လွန်သွားပြီ ဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန(CSSE) ထံမှ သိရသည်။ CSSE ၏ အချက်အလက်များအရ ဒေသစံတော်ချိန်...
ဝါရှင်တန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံရှိ ပြည်နယ်များနှင့် ပြည်သူများအနေဖြင့် ရောဂါ ဘေးကင်းမှု ကာကွယ်ရေး ဆောင်ရွက်ချက်များကို သတိထားလိုက်နာခြင်းမပြုပါက COVID-19 တစ်ကျော့ပြန်ဖြစ်ပွားနိုင်ကြောင်း ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများက စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။
နယူးယောက်၊ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံးသူ အရေအတွက်သည် ထိတ်လန့်တုန်လှုပ်ဖွယ် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်သည့် သန်းဝက်( ၅သိန်း) ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန (CSSE) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဝါရှင်တန်၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်တွင် သေနတ်ပစ်ခတ်မှုတစ်ခုအတွင်း ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) ရဲအရာရှိ နှစ်ဦးသေဆုံးပြီး အခြားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း FBI က ထုတ်ဖော်ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံက ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီက လက်မှတ်ရေးထိုးခဲ့သော အာဖဂန် တာလီဘန်နှင့် သဘောတူညီချက်ကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
နယူးယောက်၊ဇန်နဝါရီ၁၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံတွင် ဇန်နဝါရီ ၉ ရက်အထိ COVID-19 ရောဂါ အတည်ပြုလူနာပေါင်း ၂၂ သန်း နှင့် သေဆုံးသူပေါင်း ၃၇၀, ၀၀၀ ကျော်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက် အရ သိရသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများက လွှတ်တော်အဆောက်အဦအတွင်း အကြမ်းဖက် ဝင်ရောက်စီးနင်းမှုအတွင်း လူ ၄ ဦးသေဆုံးခဲ့ကြောင်း ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရ သိရသည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် ၏ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် COVID-19 ရောဂါဆိုင်ရာ နောက်ဆုံး စာရင်းပြုစုချက်အရ နိုင်ငံအတွင်း ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၈ သန်းကျော် အထိ ရောက်ရှိလာကြောင်း...
ဝါရှင်တန် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ရီပတ်ဘလီကန်ပါတီ (ဆီးနိုတ်) အောက်လွှတ်တော်အမတ် Shelley Moore Capito က ၎င်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးနှင့် ထိတွေ့မိသောကြောင့် တစ်ဦးတည်းသီးခြား(Quarantine) နေထိုင်တော့မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။