ဝါရှင်တန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံသည် နိုဝင်ဘာ ၄ ရက်တွင် ပဲရစ်သဘောတူညီချက်မှ တရားဝင်နုတ်ထွက်လိုက်ပြီး ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကို နိုင်ငံပေါင်း ၂၀၀ နီးပါး လက်မှတ်ရေးထိုးထားသည့်ကြားမှ နုတ်ထွက်သွားခြင်းဖြစ်သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံတွင် ကပ်ရောဂါစတင်ပျံ့နှံ့ချိန်မှစတင်ကာ COVID-19 ရောဂါ ကူးစက်ခံရသော ကလေးငယ်အရေအတွက်သည် ၈၅၀,၀၀၀ ကျော်ရှိလာပြီးဖြစ်ကြောင်း အမေရိကန်ကလေးသူငယ်ကျန်းမာရေးလေ့လာမှုအကယ်ဒမီ နှင့် ကလေးဆေးရုံများအသင်းမှ ထုတ်ပြန်သော အစီရင်ခံစာ အသစ်တစ်စောင်အရ သိရသည်။
ဆိုးလ် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါ စမ်းသပ်စစ်ဆေးရာတွင် အမေရိကန်စစ်သား ၁၃ ဦး နှင့် အခြားအရပ်သား ၅ ဦးထံတွင် positive ရလဒ်အဖြေများ တွေ့ရှိခဲ့ကြောင်း ကိုရီးယားရောက် အမေရိကန်တပ်ဖွဲ့(USFK) က ထုတ်ဖော်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် သမ္မတရွေးကောက်ပွဲ နှင့် ကွန်ဂရက် ရွေးကောက်ပွဲ အပါအဝင် ၂၀၂၀ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲ၏ စုစုပေါင်း အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနီးပါးရှိလိမ့်မည်ဖြစ်ကြောင်း ယင်းပမာဏသည် ပြီးခဲ့သော အမေရိကန်ရွေးကောက်ပွဲ နှစ်ခုတွင် အသုံးပြုခဲ့သည့် စုစုပေါင်းငွေပမာဏထက် ပိုများနေကြောင်း...
နယူးယောက် ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အောက်တိုဘာ ၃၀ ရက်ထုတ်ပြန်ကြေညာချက်အရ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၉ သန်းကျော်အထိ ရောက်ရှိလာကြောင်းသိရှိရသည်။
ဝါရှင်တန်၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် အောက်တိုဘာ ၂၃ ရက်က ကိုဗစ် ထပ်တိုးအတည်ပြုလူနာ ၈၂,၉၂၉ ဦး ရှိခဲ့ရာ ၎င်းမှာ ကပ်ရောဂါကာလအတွင်း ထပ်တိုးလူနာသစ်ဦးရေး အများဆုံး စံချိန်ဖြစ်ခဲ့ပြီး အသစ်ထပ်တိုးသေဆုံးသူ ၉၄၆ ဦး ရှိကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ(CDC)ဝဘ်ဆိုက်၏ အောက်တိုဘာ...
ဝါရှင်တန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဒုတိယသမ္မတမိုက်ပန့်စ်၏ (chief of staff) ရုံးအဖွဲ့မှူးဖြစ်သူ Marc Short အား အောက်တိုဘာ ၂၄ ရက်က COVID-19 ရောဂါ စစ်ဆေးရာတွင် positive ရလဒ်အဖြေထွက်ပေါ်ခဲ့ကြောင်း သိရသည်။
နယူးယောက် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံနယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကိုမို(Andrew Cuomo) က နိုင်ငံအတွင်း လူပေါင်း ၂၂၀,၀၀၀ ကျော် အသက်သေဆုံးခဲ့ရပြီးဖြစ်သည့် COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ သမ္မတထရမ့်၏ ကိုင်တွယ်ပုံ ဖြေရှင်းပုံအပေါ် အောက်တိုဘာ ၂၀ ရက်က ဝေဖန်ထိုးနှက်လိုက်ကြောင်း သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC) က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ဝေသော စုပေါင်းခန့်မှန်းချက်အသစ်တစ်ခု၌ အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၇ ရက်အထိ CDC သေဆုံးသူအရေအတွက်မှာ ၂၄၀,၀၀၀ ကျော်နိုင်သည်ဟု ခန့်မှန်းကြောင်း ဖော်ပြထားသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တွင် COVID-19 ရောဂါပိုး ကူးစက်ခံရပြီးနောက် ၁၂ ရက်အကြာ၌ ရောဂါစစ်ဆေးမှုပြုလုပ်ခဲ့ရာ ဗိုင်းရပ်စ်ပိုးမတွေ့ရှိတော့ကြောင်း အိမ်ဖြူတော်သမားတော် Sean Conley က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။