နယူးယောက် ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အောက်တိုဘာ ၃၀ ရက်ထုတ်ပြန်ကြေညာချက်အရ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၉ သန်းကျော်အထိ ရောက်ရှိလာကြောင်းသိရှိရသည်။
ဝါရှင်တန်၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် အောက်တိုဘာ ၂၃ ရက်က ကိုဗစ် ထပ်တိုးအတည်ပြုလူနာ ၈၂,၉၂၉ ဦး ရှိခဲ့ရာ ၎င်းမှာ ကပ်ရောဂါကာလအတွင်း ထပ်တိုးလူနာသစ်ဦးရေး အများဆုံး စံချိန်ဖြစ်ခဲ့ပြီး အသစ်ထပ်တိုးသေဆုံးသူ ၉၄၆ ဦး ရှိကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ(CDC)ဝဘ်ဆိုက်၏ အောက်တိုဘာ...
ဝါရှင်တန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဒုတိယသမ္မတမိုက်ပန့်စ်၏ (chief of staff) ရုံးအဖွဲ့မှူးဖြစ်သူ Marc Short အား အောက်တိုဘာ ၂၄ ရက်က COVID-19 ရောဂါ စစ်ဆေးရာတွင် positive ရလဒ်အဖြေထွက်ပေါ်ခဲ့ကြောင်း သိရသည်။
နယူးယောက် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံနယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကိုမို(Andrew Cuomo) က နိုင်ငံအတွင်း လူပေါင်း ၂၂၀,၀၀၀ ကျော် အသက်သေဆုံးခဲ့ရပြီးဖြစ်သည့် COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ သမ္မတထရမ့်၏ ကိုင်တွယ်ပုံ ဖြေရှင်းပုံအပေါ် အောက်တိုဘာ ၂၀ ရက်က ဝေဖန်ထိုးနှက်လိုက်ကြောင်း သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC) က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ဝေသော စုပေါင်းခန့်မှန်းချက်အသစ်တစ်ခု၌ အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၇ ရက်အထိ CDC သေဆုံးသူအရေအတွက်မှာ ၂၄၀,၀၀၀ ကျော်နိုင်သည်ဟု ခန့်မှန်းကြောင်း ဖော်ပြထားသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တွင် COVID-19 ရောဂါပိုး ကူးစက်ခံရပြီးနောက် ၁၂ ရက်အကြာ၌ ရောဂါစစ်ဆေးမှုပြုလုပ်ခဲ့ရာ ဗိုင်းရပ်စ်ပိုးမတွေ့ရှိတော့ကြောင်း အိမ်ဖြူတော်သမားတော် Sean Conley က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ စကားစစ်ထိုးပွဲကော်မတီက အောက်တိုဘာ ၁၅ ရက်တွင်ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် သမ္မတရွေးကောက်ခံကိုယ်စားလှယ်လောင်း ဒုတိယအကြိမ် စကားစစ်ထိုးပွဲအားပယ်ဖျက်လိုက်ပြီး ကော်မတီအနေဖြင့် ယခုလ ၂၂ ရက်တွင်ကျင်းပပြုလုပ်မည့် နောက်ဆုံးအကြိမ်စကားစစ်ထိုးပွဲအပေါ် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအစိုးရက အောက်တိုဘာ ၈ ရက်၌ အီရန်နိုင်ငံ၏ ဘဏ် ၁၈ ခုအား ပိတ်ဆို့အရေးယူမှုဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ ကြေညာချက်ထုတ်ပြန်ပြီးနောက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Zarif က အမေရိကန်နိုင်ငံ၏ ဆောင်ရွက်မှုအပေါ် အပြင်းအထန်ပြစ်တင်ဝေဖန်ကြောင်း ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) ၂၀၂၀ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဂျိုးဘိုင်ဒန်က အကယ်၍ ၎င်း၏ ပြိုင်ဘက် ရီဘတ်ပလီကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့်ထံတွင် COVID-19 ရောဂါရှိနေဆဲ ဆိုပါက လာမည့် စကားစစ်ထိုးပွဲကို ကျင်းပရန် မသင့်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) COVID-19 ကူးစက်ခံရသူနှင့်ထိတွေ့မိပြီးနောက် အမေရိကန်နိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley အပါအဝင် စစ်ဦးစီးချုပ်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများသည် သီးသန့် ခွဲခြားနေထိုင်ခြင်း(Q) ဝင်ရတော့မည်ဖြစ်ကြောင်း သိရသည်။