နယူးယောက်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်ရှိ ဈေးဝယ်စင်တာတစ်ခု၌ ဇန်နဝါရီ ၁၁ ရက် ညပိုင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသမီဒီယာက ဆိုသည်။
ဝါရှင်တန်၊ ဇန်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံမှ အချို့သော အမေရိကန်စစ်တပ်၏ မြေပြင်သုံး စက်ကိရိယာများကို စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း အမေရိကန်သတင်းတစ်ခုက ဇန်နဝါရီ ၁၀ရက်တွင်ဖော်ပြခဲ့သည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) သည် လာမည့် သီတင်းပတ်များအတွင်း ဆီးရီးယားနိုင်ငံ၊ အီရန်နိုင်ငံနှင့် ယီမင်နိုင်ငံ အရေးကိစ္စများဆွေးနွေးရန် အရှေ့အလယ်ပိုင်းနိုင်ငံ ၈ နိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၄ ရက်က ပြောကြားလိုက်သည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ဒီမိုကရက်တစ်လွှတ်တော်အမတ် နန်စီ ပီလိုစီ (Nancy Pelosi) အား ဇန်နဝါရီလ ၃ ရက် အစောပိုင်းက သဘောထားကွဲပြားနေသော ကွန်ဂရက်လွှတ်တော် ကျင်းပအပြီး ယင်းနေ့တွင်ပင် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) အိမ်ဖြူတော်မှ ဗီတိုအာဏာအသုံးပြုပယ်ချနိုင်သည့် အရိပ်လက္ခဏာများရှိနေသည့်ကြားမှ အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်ဆိုင်းမှုကို အဆုံးသတ်စေမည့် ဘဏ္ဍာငွေအသုံးပြုမှု ဥပဒေကြမ်းများကို အောက်လွှတ်တော် ကိုယ်စားလှယ်များက ဇန်နဝါရီလ ၃ ရက်နှောင်းပိုင်းတွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် တွင် ဇန်နဝါရီ ၃ ရက် ညနေပိုင်း အချိန်၌ ကားအများဆင့်တိုက်မှု ဖြစ်ပွား ခဲ့ပြီး လောင်စာဆီ ယိုစိမ့်မှုကြောင့် မီးလောင်မှု ဖြစ်ပွား ခဲ့ရာ လူ အနည်းဆုံး...
ချီကာဂို၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့ ရှိ အထပ်မြင့်ကားပါကင်တစ်ခုတွင် ဒီဇင်ဘာ ၂၉ ရက် နေ့လည်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၄ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာ တစ်ခုကဖော်ပြခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ပြည်ထဲရေးဝန်ကြီး Ryan Zinke သည် ၂၀၁၈ခုနှစ်အကုန်တွင် နုတ်ထွက်တော့မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအရှေ့ပိုင်း မက်ဆာချူးဆက်ပြည်နယ် ဘရစ္စတိုမြို့တွင် ဒီဇင်ဘာ ၁ ရက် ညပိုင်းက ကျောင်းကြိုပို့ယာဉ်တစ်စီးသည် Berkley လမ်းဘေးတောအုပ်အတွင်းသို့ထိုးကျမှုဖြစ်ပွားခဲ့ရာ လူကြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က တွစ်တာလူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အမှတ်(၅) ရေတပ် တပ်မှူး Scott Stearney သည် ဒီဇင်ဘာ ၁ ရက်တွင် ဘာရိန်းနိုင်ငံ၌ သေဆုံးသွားကြောင်း သိရသည်။