ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) King ကောင်တီတွင် နေထိုင်သော အသက် ၃၀ ကျော် ၄၀ နီးပါး အမျိုးသမီးတစ်ဦးသည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၌ Johnson & Johnson COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် ပထမဦးဆုံး သွေးခဲသောရောဂါလက္ခဏာဖြင့် သေဆုံးခဲ့ရသည့်အမျိုးသမီးတစ်ဦးဖြစ်လာကြောင်း ဒေသခံ ကျန်းမာရေးအရာရှိများက...
တီဟီရန်၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကို ဖြေလျှော့ရန် အမေရိကန်၊ဥရောပနိုင်ငံများ၏ ပိတ်ဆို့မှုကို ဖယ်ရှားဖို့ အီရန် ရေနံစွမ်းအင်ဝန်ကြီး Javad Ogiက ပြီးခဲ့သည့်ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံ၏ အောက်တိုဘာ ၅ ရက် သတင်းများအရ သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက အမေရိကန်သံတမန်အတွက် ဗီဇာများတိုး၍ ထုတ်မပေးပါက ရုရှားသံတမန်များအား နှင်ထုတ်ရန် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်အား ဒီမိုကရက်တစ် နှင့် ရီပတ်ဘလီကန် လွှတ်တော်အမတ်များက တောင်းဆိုခဲ့ကြောင်း သိရသည်။
ဟူစတန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်ရေတပ်သည် ယခင်လေယာဉ်တင်သင်္ဘောဟောင်းနှစ်စင်းဖြစ်သော USS Kitty Hawk နှင့် USS John F. Kennedy တို့ကို တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁ ပြား (1 cent) စီဖြင့် တက္ကဆက်စ်မြို့ရှိ သင်္ဘောဖျက်ကုမ္ပဏီတစ်ခုထံသို့ ရောင်းချလိုက်ပြီဖြစ်ကြောင်း...
ပေကျင်း ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးအင်အားစုများကို ထောက်ခံနေခြင်းအား ရပ်တံ့သင့်ကြောင်း နှင့် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ခိုင်မာသော ဆောင်ရွက်မှုများလုပ်ဆောင်သွားသင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
လော့စ်အိန်ဂျယ်လိစ်၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Orangeခရိုင် ကမ်းရိုးတန်းတွင် ပြီးခဲ့သည့် ရက်ပိုင်းက ရေနံစိမ်း ယိုစိမ့်မှု ဆိုးဆိုးဝါးဝါးဖြစ်ပွားခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၃ ရက်နေ့လယ်ပိုင်းအထိ ရေနံစိမ်းယိုစိမ့်မှုပမာဏ ၁၂၆,၀၀၀ ဂါလန်(၄၇၇,၀၀၀ လီတာခန့်)ရှိပြီး ပင်လယ်ရေမျက်နှာ ၃၅ စတုရန်းကီလိုမီတာနီးပါးကို ညစ်ညမ်းစေခဲ့ရာ...
ဂျီနီဗာ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် မဟာဗျူဟာတည်ငြိမ်ရေး တွေ့ဆုံဆွေးနွေးမှု ဒုတိယအကြိမ်အစည်းအဝေးကို ဆွီဒင်နိုင်ငံ ဂျီနီဗာမြို့တွင် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့ရာ နှစ်ဖက်ဌာနချင်းဆက်ဆံရေး ကျွမ်းကျင်လုပ်ငန်းအဖွဲ့နှစ်ခု ဖွဲ့စည်းရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အောက်တိုဘာ ၁ ရက် တွင်ကျရောက်သော တရုတ်နိုင်ငံ၏အမျိုးသားနေ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အမေရိကန် ၊ ဗြိတိန် နှင့် ဩစတြေးလျ တို့၏ ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုထားသည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနည်းပညာနှင့်ပတ်သက်၍ မမြင်နိုင်သော အန္တရာယ် သုံးခုဟူ၍ မီးမောင်းထိုးပြောကြားခဲ့သည်။
ဝါရှင်တန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ၎င်းတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း စက်တင်ဘာ ၂၇ ရက်၌ ပြောကြားခဲ့သည်။ “ဒီမနက်က ပထမဆုံးလက္ခဏာဖြစ်ပေါ်ပြီးနောက်မှာ သိပ်မကြာခင်မှာပဲ ကျွန်တော် COVID-19 စစ်ဆေးလိုက်တော့ ပိုးကူးစက်ခံထားရတာကို တွေ့ရှိရပါတယ်။...