ပေကျင်း ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)ဆိုင်ရာ ကိစ္စရပ်များနှင့်ဆက်စပ်၍ စည်းကမ်းချိုးဖောက်ကာ ဆိုးဝါးသော အပြုအမူများ ကျူးလွန်ခဲ့သည့် အမေရိကန်နှင့်ပတ်သက်ဆက်နွယ်မှုရှိသူ လေးဦးအား ဒဏ်ခတ်အရေးယူမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံအထွေထွေအုပ်ချုပ်ရေးအဖွဲ့(GSA)က ဂျိုးဘိုင်ဒန်အား တရားဝင် သမ္မတရာထူးလွှဲပြောင်းရေးအစီအစဉ် စတင်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ဝါရှင်တန်၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုမြင့်မားလာခြင်း နှင့် အစိုးရ၏ တုံ့ပြန်ကိုင်တွယ်ပုံ အားနည်းခြင်းကြောင့် အန္တရာယ်ရှိပြီး ပုံမှန်မဟုတ်သော ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် အမေရိကန်နိုင်ငံ၌ အဓိကဦးဆောင်ဦးရွက်ပြုလုပ်နေသည့် ဆေးရုံကြီးတစ်ခုဖြစ်သော Nebraska ပြည်နယ် တက္ကသိုလ် ဆေးရုံကြီးတစ်ခုလုံးသည် လူနာများဖြင့် ပြည့်နှက်လုနီးပါး ဖြစ်နေကြောင်း ဆေးဘက်ဆိုင်ရာ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃၀ ကျော်ကို COVID-19 ရောဂါဖြစ်ပွားမှုများကြောင့် အသွားအလာကန့်သတ်စောင့်ကြည့်ရခြင်း သို့မဟုတ် သီးသန့်ခွဲခြားနေထိုင်ခြင်း လုပ်ဆောင်နေရကြောင်း ဝါရှင်တန်ပို့စ်မှ နိုဝင်ဘာ ၁၃ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန်၊နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံတောင်ပိုင်း ဂျော်ဂျီယာပြည်နယ်တွင် သမ္မတရွေးကောက်ပွဲ မဲရလဒ်များကို တစ်ပြည်နယ်လုံးအတိုင်းအတာ လက်ဖြင့် ပြန်လည်ရေတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး Brad Raffensperger က နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။
ဝါရှင်တန်၊နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဒီမိုကရက်တစ်ပါတီ ကွန်ဂရက်လွှတ်တော်အမတ်များက စစ်လက်နက်များရောင်းချခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်နေစဉ်အတွင်းမှာပင် F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်များကို အာရပ်စော်ဘွားများပြည်ထောင်စု(UAE) သို့ ရောင်းချပေးသွားရန် နိုဝင်ဘာ ၁၀ ရက်က အတည်ပြုလိုက်ကြောင်းသိရသည်။
ဂျီနီဗာ ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အမျိုးသားလူ့အခွင့်အရေးပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့ ၏ ၃၆ ကြိမ်မြောက် အစည်းအဝေး ကို နိုဝင်ဘာ ၉ ရက် တွင် ဂျီနီဗာ ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် အမေရိကန်နိုင်ငံ ၏ လူ့အခွင့်အရေး အခြေအနေ...
ဝါရှင်တန်၊နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esperအား ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဌာန အကြီးအကဲ Christopher Miller အား ယာယီ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ပေး ခန့်အပ်လိုက်ကြောင်း သမ္မတ ထရမ့်က နိုဝင်ဘာ ၉ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံရွေးကောက်ပွဲရလဒ်အပေါ် နိုင်ငံတကာ ဓလေ့ထုံးစံများနှင့်အညီ လိုက်နာပြုကျင့်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
နယူးယောက် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ /စိုးမိုး အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၉.၅ သန်းကျော် အထိရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နိုဝင်ဘာ ၅ ရက်ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။