နယူးဒေလီ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဆီသို့ စီးပွားရေးလုပ်ငန်းသုံး နိုင်ငံတကာလေကြောင်းပျံသန်းမှု အဝင်၊ အထွက်များကို ဇူလိုင် ၃၁ ရက်အထိ ရပ်နားထားမည်ဖြစ်ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူများက ဇွန် ၃၀ ရက်၌ ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်ရှိ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်နှင့် အရည်အသွေး တိုးတက်မှုရှိစေရန် အိန္ဒိယဖက်ဒရယ်အစိုးရက ကမ္ဘာ့ဘဏ်နှင့် အမေရိကန်ဒေါ်လာ ၃၂ သန်းတန်ဖိုးရှိ ချေးငွေသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း ဖက်ဒရယ်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဇွန် ၂၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။...
နယူးဒေလီ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ဇွန် ၂၃ ရက်က ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း သန်း(၃၀)ကျော်ရှိရာ အမေရိကန်နိုင်ငံပြီးလျှင် ကူးစက်သူဦးရေ အဆိုပါ ကိန်းဂဏန်း အရေအတွက်ကို ကျော်ခဲ့သည့် နိုင်ငံဖြစ်လာခဲ့သည်။
နယူးဒီလီ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မဟာရက်ရှ်ထရာ၊ ကီရာလာနှင့် မဇ္ဈဒေသပြည်နယ် (Madhya Pradesh) စသည့် ပြည်နယ် ၃ ခုတွင် Delta Plus ဟုအမည်ရှိသော COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်အသစ်အတွက် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
နယူးဒေလီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အာသံပြည်နယ် အရှေ့မြောက်ဘက်ရှိ နှင့် Kaziranga အမျိုးသားဥယျာဉ်နှင့် ကျားဘေးမဲ့တော၌ ကျည်ဆံဒဏ်ရာများဖြင့် သေဆုံးနေသောကျားတစ်ကောင်အား ဇွန် ၁၈ ရက်တွင် တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားသည်။ အဆိုပါကျားသည် ဘေးမဲ့တောအတွင်း၌ သစ်တောအစောင့်များ၏ မတော်တဆ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သစ်တောအရာရှိများကပြောကြားသည်။ “ကျားအသေကို...
မနီလာ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ သည် အိန္ဒိယနိုင်ငံ၊ပါကစ္စတန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နီပေါနိုင်ငံ၊ အိုမန်နိုင်ငံနှင့်ယူအေအီး နိုင်ငံတို့ မှ ဝင်ရောက်မည့် ခရီးသွားများအားလုံးကို ဇွန် ၃၀ ရက် အထိ ပြည်ဝင်ခွင့် ကန့်သတ်ချက်တိုးမြှင့်လိုက်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ Harry Roque က...
နယူးဒေလီ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၉၁,၇၀၂ ဦးရှိပြီး စုစုပေါင်းကူးစက်ခံရသူ အရေအတွက်မှာ ဇွန် ၁၁ ရက်တွင် ၂၉,၂၇၄,၈၂၃ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
မွန်ဘိုင်း၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ ဇွန် ၉ ရက်တွင် မိုးသည်းထန်စွာရွာသွန်းနေစဉ်အတွင်း ၃ ထပ်အဆောက်အဦးတစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ရာ ကလေး ၇ ဦးအပါအဝင် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လူအများစုသည်အပျက်အဆီးများအောက်တွင်ပိတ်မိနေပြီးရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အစိုးရဌာနတစ်ခုမှ...
နယူးဒေလီ၊ ဇွန် ၉ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဥတ္တရပဒေသပြည်နယ်တွင် ဇွန် ၈ ရက်ညပိုင်းက ဘတ်စ်ကားနှင့်ကုန်ကား တိုက်မိမှုဖြစ်ပွားရာ အနည်းဆုံး လူ (၁၇)ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏ ၉ ရက် သတင်းများအရ သိရသည်။
နယူးဒေလီ၊ ဇွန် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာ အငယ်တန်းဝန်ကြီး Mansukh Mandaviya က သင်္ဘောသားများအား သင်္ဘောဖြင့် တာဝန်ထမ်းဆောင်ခြင်းမပြုမီ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရေး ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန် ၅ ရက်၌ ပြောကြားခဲ့သည်။