ကိုင်ရို၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့လှည့်ခရီးသွားတစ်ဦးသေဆုံးပြီး ၁၅ဦးဒဏ်ရာရရှိခဲ့သည့် တောင်ပိုင်းမြို့ တစ်မြို့ဖြစ်သော Luxor မြို့ မှ မိုးပျံပူဖောင်းပျက်ကျမှု အတွက် တာဝန်ရှိသူ ၄ဦးကို ဖမ်းဆီးရန် အီဂျစ်နိုင်ငံ တရားစီရင်ရေးက ဇန်နဝါရီ ၆ရက်တွင် ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
ကိုင်ရို၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ ဖြုတ်ချခံ သမ္မတဟောင်း မိုဟာမက်မော်စီ (Mohamed Morsi) ကို တရားစီရင်ရေးအား စော်ကားမှုဖြင့် တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက သတင်းတင်ပြထားသည်။
ကိုင်ရို၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမြို့ တောင်ဘက် ၁၂၀ကီလိုမီတာ အကွာ Beni Sweif ပြည်နယ် တွင် ယာဉ်တိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၁၄ဦးသေဆုံးခဲ့ပြီး အခြားလူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာန က ဒီဇင်ဘာ...
ပေကျင်း ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အီဂျစ်နိုင်ငံ မြောက်ပိုင်း ဆိုင်နိုင်းပြည်နယ်အတွင်းရှိ ဗလီတစ်လုံး တိုက်ခိုက်ခံရပြီးနောက် အနည်းဆုံး လူပေါင်း ၃ဝ၅ ဦးသေဆုံးခဲ့ရခြင်းအပေါ် ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာတစ်စောင်ကို အီဂျစ်နိုင်ငံ သမ္မတ စီစီ (Abdel Fattah al-Sisi) ထံသို့နိုဝင်ဘာ ၂၅ ရက်တွင်...
ကိုင်ရို ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) နိုဝင်ဘာလ ၂၅ ရက်က အီဂျစ်နိုင်ငံ မြောက်ပိုင်း ဆိုင်နိုင်းပြည်နယ်အတွင်းရှိ ဗလီတစ်လုံး တိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၂၃၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အီဂျစ်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနက ဖော်ပြခဲ့သည်။
ကိုင်ရို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ကိုင်ရိုမြို့ရာဇဝတ်မှုဆိုင်ရာ တရားရုံးက အီဂျစ်နိုင်ငံ သမ္မတဟောင်း မိုဟာမက်မော်စီ နှင့် မွတ်စလင်ညီနောင်အဖွဲ့ဝင် များစွာအား ထောင်ဖောက်ရန် ကြံစည်မှုစွဲချက်များအတွက် ပြန်လည်တရားစီရင်မည့်နေ့ကို ဇူလိုင် ၂၀ ရက်သို့ ရွှေ့ဆိုင်းရန် ဇူလိုင် ၁၅ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကိုင်ရို၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း နှစ်ခုတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် လူ ၄၄ဦး ထက်မနည်း သေဆုံးကာ အခြားလူ ၁၂၀ကျော် ဒဏ်ရာရရှိခဲ့၍ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ သုံးလ သတ်မှတ်လိုက်ကြောင်း သမ္မတ အဗ္ဗဒူလ် ဖက်တာ အယ်လ်-စီစီ...
ကိုင်ရို၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ Tanta မြို့ ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ခုအတွင်း ဧပြီ ၉ ရက် (ယနေ့)တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ လူ ၂၁ဦးထက်မနည်းသေဆုံးပြီး ၅၉ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယဆရာဝန်များက ကမ္ဘာ့အဝဆုံးအမျိုးသမီးအဖြစ် ယူဆရသော ကိုယ်အလေးချိန် ၅၀၀ကီလိုဂရမ်ရှိသည့် အီဂျစ်အမျိုးသမီးတစ်ဦးအား မွမ်ဘိုင်းမြို့ရှိ ပုဂ္ဂလိကဆေးရုံးတစ်ခုတွင် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း မတ် ၉ရက်ကပြောကြားခဲ့သည်။
ကိုင်ရို၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည် ဖော်ဆောင်ရာတွင် အထောက်အပံ့ ဖြစ်စေရန်အတွက် ဆယ်နှစ်ကြာ ပိတ်ထားခဲ့သော ကိုင်ရိုမြို့ရှိ အမဲလိုက်ပြတိုက် (Hunting Museum) အား ဖေဖော်ဝါရီလ ၇ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။