Connect with us

News

အီဂျစ်နိုင်ငံက ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ် အစင်း ၃၀ ဝယ်ယူရန် သဘောတူညီချက် လက်မှတ်ရေးထိုး

ဂရိနိုင်ငံရှိ လေတပ်အခြေစိုက်စခန်းတစ်ခုတွင် Rafale တိုက်လေယာဉ် တစ်စင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ မေ ၅ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံက ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ် အစင်း ၃၀ ဝယ်ယူရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း အီဂျစ်စစ်တပ်၏မေ ၄ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ သဘောတူညီချက်သည် အနည်းဆုံး ၁၀ နှစ်အတွင်း ပြန်လည်ပေးဆပ်ရန် ချေးငွေထောက်ပံ့မှု တစ်ရပ်ဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပြီး သဘောတူညီချက်၏ တန်ဖိုးအား ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။
ယင်းသဘောတူညီချက်အား အီဂျစ်စစ်တပ် နှင့် ပြင်သစ် Dassault လေကြောင်းကုမ္ပဏီတို့အကြား လက်မှတ်ရေးထိုးခဲ့ပြီး အီဂျစ်နိုင်ငံ၏ စွမ်းဆောင်ရည်ကို တိုးတက်ရန် ရည်ရွယ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
၂၀၁၅ ခုနှစ်တွင် အီဂျစ်နိုင်ငံသည် ပြင်သစ် Rafale လေယာဉ် ၂၄ စီးအား လက်ခံရရှိခဲ့ပြီး အနာဂတ်တွင် Rafale ဂျက်လေယာဉ်များ နှင့် သင်္ဘောများ ထပ်မံ ဝယ်ယူရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)
———————————————-
(English Version)
Egypt signs deal to buy 30 Rafale fighter jets from France

CAIRO, May 4 (Xinhua) — Egypt has signed a deal with France to buy 30 Rafale fighter jets, a statement by the Egyptian Armed Forces said Tuesday.
“The deal would be financed through a loan to be re-paid over at least 10 years,” the statement said, without disclosing the value of the deal.
The deal, signed between the Egyptian Armed Forces and the French Dassault Aviation company, aims to develop Egypt’s capabilities, it added.
In 2015, Egypt received 24 French Rafale aircraft in a deal that allowed purchase of more Rafale jets and warships in the future. Enditem