ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်က အီရန် အနီးတစ်ဝိုက်သို့ စစ်အင်အား အဆက်မပြတ် ဖြည့်တင်းနေချိန်တွင် အီရန်အရေးအတွက် သံတမန်ရေး ဖြေရှင်းမှုနည်းလမ်းဖြင့် အဖြေရှာရန် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Kaja Kallas က ဖေဖော်ဝါရီ ၂၃ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။...
-လူသေဆုံးမှုများရှိခဲ့သည့် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အာဖဂန်နစ္စတန်နှင့် နယ်စပ်တစ်လျှောက်ရှိ စစ်သွေးကြွများ၏ အခြေစိုက်စခန်းများကို ပါကစ္စတန် တိုက်ခိုက် -အီရန်က အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ရေတပ်နှင့် လေတပ်များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ် -နျူကလီးယားအရေး ဆွေးနွေးမှုများနှင့် အမေရိကန်၏ ဖိအားပေးမှုများအကြား ကြံ့ကြံ့ခံရင်ဆိုင်သွားမည်ဟု အီရန်သမ္မတ ကတိပြု -ကမ္ဘာလုံးဆိုင်ရာ စည်းကြပ်ခွန်နှုန်းထားသစ်ကို ၁၀ ရာခိုင်နှုန်းမှ...
ဟာရာရီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ၏ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအပေါ် ခရီးသွားလာခွင့်ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုပိတ်ဆို့အရေးယူခြင်းများကို ဥရောပသမဂ္ဂအနေဖြင့် ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း၊ သို့သော် တစ်ချိန်တည်းတွင်ပင် လက်နက်သယ်ယူပို့ဆောင်ခွင့် ပိတ်ပင်ခြင်းကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးလိုက်သည်ဟု ကြေညာကြောင်း ဇင်ဘာဘွေနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။ ဇင်ဘာဘွေအပေါ်...
လန်ဒန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ထရမ့်က ဂရင်းလန်းကျွန်းအား ရယူရန်အတွက် ဥရောပ ၈ နိုင်ငံအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခြင်းအား တန်ပြန်လုပ်ဆောင်ရန် ဥရောပသမဂ္ဂ နိုင်ငံများစွာက အမေရိကန်မှ ဥရောပသို့ တင်ပို့သည့် တန်ဖိုး ယူရို ၉၃ ဘီလီယံရှိသော...
အော်စလို၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) မဟာဗျူဟာအရ အရေးပါသော ဂရင်းလန်းကျွန်းနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မကြာမီက ပြောကြားချက်များကြောင့် အာတိတ်ဒေသ၏ လုံခြုံရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လာခိုက် ဥရောပသမဂ္ဂ (အီးယူ) နှင့် နေတိုးအဖွဲ့ဝင် မဟာမိတ်များက ဂရင်းလန်းကျွန်းအား နိုင်ငံရေးနှင့် စစ်ရေးအရ ထောက်ခံအားပေးမှုများ...
ဟယ်လ်ဆင်ကီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဒိန်းမတ်က တောင်းဆိုမည်ဆိုလျှင် ဥရောပသမဂ္ဂအနေဖြင့် ဂရင်းလန်းကျွန်းအတွက် လုံခြုံရေးပံ့ပိုးပေးမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ အကြီးတန်းကာကွယ်ရေးအရာရှိ Andrius Kubilius က ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ အကယ်၍ အမေရိကန်က စစ်ရေးနည်းလမ်းဖြင့် ဂရင်းလန်းကို လုယူမည်ဆိုလျှင် ယင်းမှာ...
ဆစ်ဒနီ၊ ဩစတြေးလျ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်က ဂရင်းလန်းကျွန်းကို ရယူရန် စိတ်ဝင်စားနေသည့် သဘောထားကို ထပ်တလဲလဲ ပြသလျက်ရှိရာ ထိုအရေးကိစ္စကြောင့် အမေရိကန်နှင့် ယင်း၏ ဥရောပမဟာမိတ်များကြား ဆက်ဆံရေးတင်းမာမှု အပြင်းအထန် ဖြစ်ပွားနိုင်သည်ဟု ဩစတြေးလျ ပညာရှင်တစ်ဦးက သတိပေးခဲ့သည်။ (Xinhua) ……………… (English...
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) က ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုများကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်အထိ နောက်ထပ် ခြောက်လ သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ကြောင်း ဥရောပကောင်စီက ဒီဇင်ဘာ ၂၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ EU...
သည်ဟိတ်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) “ယူကရိန်းအတွက် နိုင်ငံတကာ လျော်ကြေးတောင်းခံမှုဆိုင်ရာ ကော်မရှင်” ကို စတင်ထူထောင်ရန်၊ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအတွက် ရုရှားထံ လျော်ကြေး တောင်းခံခြင်းကိစ္စရပ်အား ကိုင်တွယ်ဖြေရှင်းရန် ဥရောပကောင်စီနှင့် နယ်သာလန်အစိုးရတို့က ဒီဇင်ဘာ ၁၆ ရက်တွင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့၌...
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ဥရောပကော်မရှင်က ဒီဇင်ဘာ ၅ ရက်တွင် “ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ဥပဒေ (DSA)” အရ ပထမဆုံး “စည်းကမ်းလိုက်နာမှုမရှိသော ဆုံးဖြတ်ချက်” ကို ချမှတ်ကာ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အီလွန်မက်စ်၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း X အား ယူရို...