Europe3 years ago
ဥရောပတိုက်တွင် အပူလှိုင်း ဆက်လက်ရိုက်ခတ်နေ ၊ မြင့်မားသည့်အပူချိန်၏ သက်ရောက်မှုက အနာဂတ် ဆယ်စုနှစ်ချီကာလများအထိ ရှိမည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့က ပြောကြား
ဂျီနီဗာ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) လက်ရှိတွင် ဥရောပတိုက်၌ အပူလှိုင်းရိုက်ခတ်မှုက လာမည့်ရက်သတ္တပတ်အထိ ဆက်တိုက်ရှိနေမည်ဖြစ်ရာ မြင့်မားသည့်အပူချိန် စသည့် ဥတုရာသီပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော အနုတ်သဘောသက်ရောက်မှုသည် အနည်းဆုံး ၂၀၆၀ ပြည့်နှစ်များအထိ ရှိမည်ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့(WMO)က ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။