ပေကျင်း ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) မကြာသေးခင်က ထိုင်ဝမ် နှင့် တရုတ်ပြည်မကြီးအကြား BioNTech COVID-19 ကာကွယ်ဆေးများ ဝယ်ယူရေး သဘောတူညီချက်တစ်ခု မှာ ထိုင်ဝမ်ကျွန်း၏ ကပ်ရောဂါထိန်းချုပ်ရေးအတွက် မျှော်လင့်ချက် ရောင်ခြည်ဖြစ်ခဲ့ရသည်။
ပေကျင်း၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) ထုတ်လုပ်မှုမတူညီသည့် ကာကွယ်ဆေးများကို ရောနှော ထိုးနှံခြင်း မပြုကြဖို့နှင့် ၎င်းမှာ အန္တရာယ်ရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သိပ္ပံပညာရှင်အကြီးအကဲ Soumya Swaminathanက ဇူလိုင် ၁၂ ရက်က သတိပေး ပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် လူခန္ဓာကိုယ်ကျန်းမာရေးကို သက်ရောက်သည့် အချက်အလက် အကန့်အသတ်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။
နယူးဒေလီ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့နှင့် အခြားသောပြည်နယ်များစွာ၌ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် ကာကွယ်ဆေးပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ခတ္တမန္ဒူ ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) ကပ်ရောဂါအား ရင်ဆိုင်တိုက်ဖျက်ရေးအတွက် COVID-19 ကာကွယ်ဆေးများကို နီပေါနိုင်ငံအား ထပ်မံကူညီပေးသွားမည်ဟု နီပေါနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Hou Yanqi က ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ကိုလံဘို ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်တွင် တရုတ်နိုင်ငံမှ Sinopharm ကာကွယ်ဆေး နောက်ထပ်တစ်သုတ် ထပ်မံ လက်ခံရရှိခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) ရုရှား နှင့် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများအား အသိအမှတ်မပြုကြောင်း ပြင်သစ်အစိုးရအရာရှိတစ်ဦး၏ မှတ်ချက်စကားသည် “အနိုင်ကျင့်ဗိုလ်ကျခြင်း နှင့် neo-Nazism လူမျိုးကြီးဝါဒကျင့်သုံးခြင်း၏ လူမျိုးရေးခွဲခြားမှု မျိုးကွဲတစ်ခုသာဖြစ်ကြောင်း ” ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က တုံ့ပြန်ပြောကြားခဲ့သည်ဟု မကြာသေးမီက Russia Today(RT) အင်တာနက်ဝက်ဆိုက်စာမျက်နှာတွင်...
ပေကျင်း ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံတကာအဖွဲ့အစည်း နှင့် နိုင်ငံပေါင်း ၁၀၀ ကျော်အား COVID-19 ကာကွယ်ဆေး အကြိမ်ရေ သန်း ၅၀၀ စာ နှင့် အသက်ရှူစက်များ ထောက်ပံ့ပေးခဲ့ကြောင်း ၊ ယင်းမှာ လက်ရှိကမ္ဘာလုံးဆိုင်ရာ COVID-19 ကာကွယ်ဆေးထုတ်လုပ်မှု၏ ခြောက်ပုံတစ်ပုံခန့်...
နယူးဒေလီ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ရှိ တိရစ္ဆာန်ကုဆေးရုံတစ်ရုံတွင် ကမ္ဘာ့ တိရစ္ဆာန်ကူးစက်ရောဂါနေ့ အထိမ်းအမှတ်အဖြစ် ဇူလိုင် ၆ ရက်တွင် တိရစ္ဆာန်ချစ်သူများက ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များအား အခမဲ့ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ် ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ Serum Institute နှင့် ဗြိတိန်နိုင်ငံ AstraZeneca ကုမ္ပဏီ တို့မှ ပူးပေါင်း ထုတ်လုပ်ထားသည့် Covishield ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဥရောပတိုက် ဆေးဝါးကြီးကြပ်မှုဌာန သို့ အတည်ပြုချက် တင်သွင်းထားခြင်းမရှိသောကြောင့် ယင်းအမျိုးအစား ကာကွယ်ဆေးထိုးနှံထားသည့်...
ဂျိုဟန်နက်စ်ဘတ် ၊ ဇွန် ၄ ရက်(ဆင်ဟွာ) တောင်အာဖရိက ကျန်းမာရေးထုတ်ကုန်များထိန်းသိမ်းရန် တာဝန်ပေးထားသည့်အဖွဲ့(SAHPRA)က တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီ Sinovac Biotech က ထုတ်လုပ်သည့် CoronaVac COVID-19 ကာကွယ်ဆေး အသုံးပြုမှုကို ခွင့်ပြုကြောင်း ဇွန် ၃ ရက်တွင် ကြေညာခဲ့သည်။