Environment, Disasters & Accidents5 years ago
ရန်ကုန်မြို့ ကုတင်(၅၀၀)ဆေးရုံ၏ ဓာတ်မှန်ခန်း မီးလောင်မှုဖြစ်ပွား၊ ထိခိုက်ဒဏ်ရာရရှိသူမရှိဟုဆို
ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ ကုတင်(၅၀၀)ဆံ့ဆေးရုံ၏ ငါးထပ်ဆောင်သစ်ရှိ ဓာတ်မှန်ခန်းတွင် ယနေ့ (ဇွန် ၁ ရက်) ညနေ ၅နာရီ ၂၃ မိနစ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အဆိုပါ ဆေးရုံတာဝန်ခံတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။