International Organizations7 years ago
သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးရေးရည်မှန်းချက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ) သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသော ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးရေးရည်မှန်းချက် ထိပ်သီးအစည်းအဝေးသို့ စက်တင်ဘာ ၂၄ ရက်က တက်ရောက်ခဲ့ ကြောင်း သိရသည်။