Asia4 days ago
တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သော ကျေးလက်အခြေခံအဆောက်အအုံများက လာအိုနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြု
ဗီယင်ကျန်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) လာအိုနိုင်ငံတွင် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ထားသည့် ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစီမံကိန်း၏ ဒုတိယအဆင့်ကို ဆောင်ရွက် ပြီးမြောက်သွားပြီဖြစ်ပြီး လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် လာအိုဒုတိယဝန်ကြီးချုပ် Saleumxay Kommasith က အဆိုပါစီမံကိန်းမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။...