ပေကျင်း၊ ဇူလိုင် ၁၆ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဇွန်လအတွင်းခရီးသည်တင်မော်တော်ယာဉ် အစီးရေ ၂.၂၄ သန်းခန့် ရောင်းချခဲ့ရပြီး ယင်းအနက် အစီးရေ ၁.၂ သန်းမှာ ပြည်တွင်းအမှတ်တံဆိပ်များဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်၏ ၅၃.၇ ရာခိုင်နှုန်းခန့် နေရာယူထားကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ခရီးသည်တင်မော်တော်ယာဉ်ဈေးကွက်သည် ထောက်ပံ့ကွင်းဆက်များ တိုးတက်ကောင်းမွန်လာသောကြောင့် ဇူလိုင်လတွင် ခိုင်မာသောတိုးတက်မှု စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/yqL —————— China’s passenger vehicle market recorded robust growth in July as supply chain improves. xhtxs.cn/yqL
မွမ်ဘိုင်း၊ မေ ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ဦးဆောင်မော်တော်ကားထုတ်လုပ်သူ Tata Motors သည် မေ ၈ ရက်မှစ၍ ၎င်း၏ ခရီးသည်တင်ယာဉ်စျေးနှုန်းများအား ကွဲပြားခြားနားမှုနှင့် မော်ဒယ်များအလိုက် ပျမ်းမျှ ၁.၈ ရာခိုင်နှုန်း မြှင့်တင်လိုက်ကြောင်း ကုမ္ပဏီက မေ ၇ ရက်က ပြောကြားခဲ့သည်။