Connect with us

Videos

တရုတ်နိုင်ငံ ပြည်တွင်းထုတ် ခရီးသည်တင်မော်တော်ယာဉ်များက ဇွန်လအတွင်း ပြည်တွင်းဈေးကွက် ထက်ဝက်ကျော် နေရာယူထား

ပေကျင်း၊ ဇူလိုင် ၁၆ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဇွန်လအတွင်းခရီးသည်တင်မော်တော်ယာဉ် အစီးရေ ၂.၂၄ သန်းခန့် ရောင်းချခဲ့ရပြီး ယင်းအနက် အစီးရေ ၁.၂ သန်းမှာ ပြည်တွင်းအမှတ်တံဆိပ်များဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်၏ ၅၃.၇ ရာခိုင်နှုန်းခန့် နေရာယူထားကြောင်း သိရသည်။ပြည်တွင်း ကုန်အမှတ်တံဆိပ်များ၏ ဇွန်လအတွင်း ဈေးကွက်ဝေစုမှာ ယမန်နှစ် အလားတူကာလာထက် ၄၅.၁ ရာခိုင်နှုန်းမှ မြင့်တက်လာခဲ့ရာ ဖက်စပ်လုပ်ငန်းများနှင့် နိုင်ငံခြားကုမ္ပဏီများအား ကျော်တက်သွားခဲ့ကြောင်း တရုတ်နိုင်ငံ ခရီးသည်တင်မော်တော်ကားအသင်း (CPCA) မှ စာရင်းအင်းများအရ သိရသည်။

တရုတ်နိုင်ငံမှ တာဝန်ရှိသူများက ကြေညာထားသော မူဝါဒများနှင့် မော်တော်ကားပြပွဲများနှင့် သုံးစွဲသူ ဝယ်ယူခွင့်ဘောက်ချာများ အပါအဝင် အခါအားလျော်စွာအရောင်းမြှင့်တင်ခြင်း အစီအစဉ်များကလည်း အထူးသဖြင့် ကျေးလက်ဒေသများတွင် မော်တော်ကား အသုံးပြုမှုအား ထိရောက်စွာ တည်တည်ငြိမ်ငြိမ်နှင့် တိုးချဲ့နိုင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှု၌ ၈ နှစ်ဆက်တိုက် ကမ္ဘာကြီးကို ဦးဆောင်လျက်ရှိသလို လက်ရှိတွင် ကမ္ဘာ့ဈေးကွက်ဝေစု၏ ၆၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားကြောင်း သိရသည်။

ယခုလဆန်းပိုင်းတွင် တရုတ်နိုင်ငံ၏ အစီးရေ သန်း ၂၀ မြောက် စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ်ကို ထုတ်လုပ်ခဲ့ခြင်းက ထိုဈေးကွက်၌ တရုတ်၏ ကြီးမားသောပမာဏကို မီးမောင်းထိုးပြလိုက်ခြင်းလည်း ဖြစ်သည်။ (Xinhua)

………………………………

China’s homegrown passenger vehicles secure over half of domestic market in June
BEIJING, July 14 (Xinhua) — China saw about 2.24 million passenger vehicles sold in June, of which 1.2 million were domestic brands, accounting for 53.7 percent of the domestic market.
The market share of domestic brands in June rose from 45.1 percent in the same period of last year, and surpassed joint ventures and foreign counterparts, according to statistics from the China Passenger Cars Association (CPCA).
Targeted policies and frequent promotional activities, including auto shows and consumer vouchers, among others, launched by Chinese authorities, are effectively stabilizing and expanding automobile consumption, especially in rural areas.
China has been leading the world in new energy vehicle production and sales for eight consecutive years, and currently enjoys more than 60 percent of the global market share.
At the beginning of this month, China’s 20 millionth new energy vehicle rolled off the production line, underlining China’s huge new energy vehicle market scale.