Environment, Disasters & Accidents9 years ago
ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် လူစီးအမြန်ရေယာဉ်များ နှင့် ကုန်တင်ရေယာဉ်များ ခရီးစဉ်ရပ်နား
ရန်ကုန်၊ဇူလိုင်၃၁ရက်(ဆင်ဟွာ) ချင်းတွင်းမြစ်ရေသည် မြစ်ကြောင်းတစ်လျှောက် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလျက်ရှိရာ မုံရွာမြို့နယ် ဇူလိုင် ၃၀ ရက်နေ့မှ သြဂုတ်လ ၁ရက်နေ့အထိ ကုန်တင်ရေယာဉ်များ၊ လူစီးအမြန်ရေယာဉ်များ ခရီးစဉ်ပြေးဆွဲခြင်းကို ရပ်နားထားကြောင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီမှ သတင်းထုတ်ပြန်သည်။