ချိုမိုလန်းမားတောင်အခြေစိုက်စခန်း၊ တိဗက်၊ မေ ၂၄ ရက် (ဆင်ဟွာ) ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈,၈၃၀ တွင်ရှိသော ချိုမိုလန်းမားတောင်ရှိ ကမ္ဘာ့အမြင့်ဆုံး မိုးလေဝသစခန်း၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းမှာ မေ ၂၃ ရက်၌ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ချိုမိုလန်းမားတောင်အခြေစိုက်စခန်း ၊ မေ ၂၃ ရက် (ဆင်ဟွာ) တရုတ်စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့သည် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် သိပ္ပံဆိုင်ရာသုတေသနများ လုပ်ဆောင်ရန် ချိုမိုလန်းမားတောင်ထိပ်သို့ မေ ၂၃ ရက်က ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ချိုမိုလန်းမားတောင်အခြေစိုက်စခန်း၊ တိဗက်၊ မေ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချိုမိုလန်းမားတောင်တွင် ချင်းဟိုင်-တိဗက်ကုန်းပြင်မြင့် ဒုတိယမြောက် သိပ္ပံပညာရပ်ဆိုင်ရာ ဘက်စုံစူးစမ်းလေ့လာမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှုတစ်ခုကို သိပ္ပံပညာရှင်များက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားဆ၊ မေ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Rongbuk ရေခဲမြစ်၏ အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်းမြစ်လက်တက်များက ချိုမိုလန်းမားတောင်ခြေတွင်ရှိသော အကြီးဆုံးနှင့် အကျော်ကြားဆုံး ရေခဲတောင်ချိုင့်ဝှမ်းဖြစ်သည်။ (Xinhua) ……………………………….. (English Version) (InTibet)Breathtaking glacier at the foot of...
လာဆာ၊ မေ ၁၂ ရက် (ဆင်ဟွာ) ချိုမိုလန်းမားတောင် (ခေါ်) ဧဝရတ်တောင် ၏ ပင်လယ်ရေမျက်နှာပြင်အမြင့် မီတာ ၅,၂၀၀ အထက်ရှိအခြေစိုက်စခန်းများ၏ အခြေအနေ မည်သို့ရှိသည်နှင့်ထိုဒေသရှိ မိုဘိုင်းဖုန်းကွန်ရက်များအခြေအနေကို ဆင်ဟွာသတင်းထောက်ဖြစ်သူ Liu Ying က ရိုက်ကူးတင်ဆက်ထားပါသည်။ (Xinhua) ………………………………….. (English Version) GLOBALink...
လားဆာ၊ မေ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များသည် တရုတ်-နီပေါနယ်စပ်ရှိ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သော ချိုမိုလန်းမားတောင် (Mount Qomolangma) ပေါ် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈,၈၀၀ တွင် မိုးလေဝသဆိုင်ရာ စောင့်ကြည့်ရေးစခန်းတစ်ခု တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခတ္တမန္ဒူ၊ မေ ၁၂ ရက် (ဆင်ဟွာ) နီပေါနိုင်ငံရှိ မိသားစုတစ်ခုတည်းမှ ညီအစ်မသုံးဦးသည် ချိုမိုလန်းမားတောင်ထိပ်ပေါ်သို့ မေ ၁၂ ရက်တွင် ရောက်ရှိခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ပေါ်သို့ ခြေချနိုင်ခဲ့သည့် ပထမဆုံး သွေးသားရင်းချာညီအစ်မများ ဖြစ်လာခဲ့ကြောင်း ၎င်းတို့၏ လေ့လာရေးခရီးစဉ်ကို စီစဉ်ပေးသောကုမ္ပဏီ၏ ပြောကြာချက်အရ သိရသည်။
လာဆာ၊ ဇွန် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ချိုမိုလန်းမားတောင်နှင့် တောင်အနီးဝန်းကျင်ဒေသအတွက် ပထမဆုံး အကြိမ်အဖြစ် တိကျမှုမြင့်မားသော လေကြောင်းမှမြေတိုင်းခြင်းလုပ်ငန်း ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် မြေဆွဲအားတိုင်းတာရေးလေယာဉ်ငယ်သည် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လာဆာသို့ ဘေးကင်းစွာပြန်လည်ရောက်လာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) သိပ္ပံပညာရှင်များအနေဖြင့် ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သော ချိုမိုလန်းမားတောင်၏ အမြင့်အတိအကျကို တိုင်းတာရန်နှင့် ထုတ်ပြန်ရန် နှစ်လမှ သုံးလခန့် အချိန်ယူရဖွယ်ရှိကြောင်း တရုတ်နိုင်ငံ သဘာဝအရင်းအမြစ် ဝန်ကြီးဌာနက မေ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
ချိုမိုလန်းမာတောင်နားနေစခန်း၊ မေ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ၂၀၂၀ ပြည့်နှစ် ဧဝရက်တောင်(ချိုမိုလန်းမာတောင်)အမြင့် တိုင်းတာရေးအဖွဲ့၏ လမ်းပြင်သယ်ယူပို့ဆောင်ရေးအဖွဲ့ဝင်များသည် မေ ၁၀ ရက်က နှင်းတောအန္တရာယ်အပိုင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး မေ ၁၂ ရက်တွင် တောင်ထိပ်သို့တက်ရောက်မည့် လမ်းကြောင်းအား ရှင်းလင်းနိုင်တော့မည်ဟု ကြိုတင်ခန့်မှန်းရကြောင်း သိရသည်။