ချုံချင့်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင့်မြူနီစီပယ်တွင် ၂၀၂၁ ခုနှစ် ပထမကိုးလအတွင်း စီးပွားရေးတိုးတက်မှုမှာ ယမန်နှစ်ကထက် ၉.၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ ယင်းမြို့၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးသည် ဇန်နဝါရီ-စက်တင်ဘာ ကာလအတွင်း ယွမ် ၂ ထရီလီယံ နီးပါး (အမေရိကန်ဒေါ်လာ...
ချုံချင့်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှ ထွက်ခွာလာသော ကုန်တင်ရထားတစ်စင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့သို့ စက်တင်ဘာ ၂၃ ရက်က ရောက်ရှိလာခဲ့သည်။ အဆိုပါ ရထားသည် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ရထားလမ်းဝန်ဆောင်မှုအသစ် စတင်ခြင်း အထိမ်းအမှတ်လည်း ဖြစ်သည်။
ချုံချင့်၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ) စက်ပစ္စည်းကိရိယာ ကွန်တိန်နာ အလုံး ၅၀ အပြည့်တင်ဆောင်ထားသည့် တရုတ်-ဥရောပ ရထားကြီးသည် တရုတ်နိုင်ငံ ချုံချင့်မြို့ ထွန်ကျယ်ကျေးရွာဘူတာမှစတင် ဩဂုတ် ၂၉ ရက်တွင် စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။ ယင်းရထားကြီးသည် အတွင်းမွန်ဂိုးလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အော့လျန်ဟောက် နယ်စပ်ဂိတ်ကို ဖြတ်ကျော်၍ ယူကရိန်းနိုင်ငံ မြို့တော်...
ချုံချင့်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်တွင် ဩဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့သော တရုတ်-စင်ကာပူ (ချုံချင့်) နိုင်ငံတကာ ရင်းနှီးမြှုပ်နှံခြင်း ကွန်ရက်ချိတ်ဆက်မှု (IDC) ဖိုရမ်တွင် IDC အောက်၌ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ၁၉ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း...
ချုံချင့်၊ မေ ၁၃ ရက်(ဆင်ဟွာ) ချုံချင့် အဓိကမြို့နေရာမှ ဖူလျင်ခရိုင်ကိုဖြတ်သန်းပြီး စီကျုကို သွားသည့် စီယွီအမြန်လမ်းမကြီးကို ချုံချင့်လူမျိုးများက “မြစ်ကြောင်းနှင့်တူယှဉ်တွဲသည့် အဝေးပြေးအမြန်လမ်းမကြီး”ဟု ခေါ်ဝေါ်ကြသည်။ G50 ရှန်ဟိုင်း-ချုံချင့် အဝေးပြေးအမြန်လမ်းမကြီး၏ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သော စီယွီအမြန်လမ်းမကြီး၏ လမ်းပိုင်းများစွာသည် ယန်ဇီမြစ်နှင့်ကပ်လျက်ရှိကာ မြစ်ကြောင်းနှင့်တူယှဉ်တွဲ၍ အရှေ့ဘက်သို့ သွယ်တန်းထားခြင်း ဖြစ်သည်။...
ချုံချင့်၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) COVID-19 ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ကောင်းမွန်ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ဟော့ပေါ့ဆိုင်အချို့သည် ချုံချင့်မြို့ စီးပွားကူးသန်း ကော်မရှင်နှင့် သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်မှုဖြင့် စားသုံးသူများ ဆိုင်လာရန်မလိုဘဲ အသင့်စားသုံးနိုင်ရန် အိမ်အရောက် ဟော့ပေါ့ ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။