နယူးဒေလီ၊ မတ် ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယဆရာဝန်များက ကမ္ဘာ့အဝဆုံးအမျိုးသမီးအဖြစ် ယူဆရသော ကိုယ်အလေးချိန် ၅၀၀ကီလိုဂရမ်ရှိသည့် အီဂျစ်အမျိုးသမီးတစ်ဦးအား မွမ်ဘိုင်းမြို့ရှိ ပုဂ္ဂလိကဆေးရုံးတစ်ခုတွင် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း မတ် ၉ရက်ကပြောကြားခဲ့သည်။
ဒါကာ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ဆရာဝန် ကိုးဦးပါဝင်သည့် ဆေးပညာအဖွဲ့သည် လက်နှင့် ခြေထောက်များတွင် သစ်ပင်သဖွယ် အဖု အထစ်များ ထွက်နေသည့် အဘူ ဘာဂျန်တာ အမည်ရှိ ဘင်္ဂလားဒေ့ရှ်လူမျိုး “သစ်ပင်လူသား” ၏ ညာလက်အား ဖေဖော်ဝါရီ ၂၀ ရက်နေ့ က ခွဲစိတ်ပေးခဲ့ကြောင်းသိရသည်။