Connect with us

Asia

ကမ္ဘာ့အဝဆုံးအမျိုးသမီး အား အိန္ဒိယတွင်အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့

ကမ္ဘာ့အဝဆုံးအမျိုးသမီး Eman Ahmad Abd El Aty အိန္ဒိယနိုင်ငံ၌ ဆေးကုသမှုခံယူနေစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၁၀ ရက် (ဆင်ဟွာ)

အိန္ဒိယဆရာဝန်များက ကမ္ဘာ့အဝဆုံးအမျိုးသမီးအဖြစ် ယူဆရသော ကိုယ်အလေးချိန် ၅၀၀ကီလိုဂရမ်ရှိသည့် အီဂျစ်အမျိုးသမီးတစ်ဦးအား မွမ်ဘိုင်းမြို့ရှိ ပုဂ္ဂလိကဆေးရုံးတစ်ခုတွင် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း မတ် ၉ရက်ကပြောကြားခဲ့သည်။

မွမ်ဘိုင်းဆိုင်ဖီးဆေးရုံပြောရေးဆိုခွင့်ရှိသူ က အသက် ၃၆နှစ်အရွယ် Eman Ahmad Abd El Aty သည် အိန္ဒိယနိုင်ငံသို့ရောက်ရှိခဲ့သည့် ဇန်နဝါရီလကတည်းက ကိုယ်အလေးချိန် ၁၀၀ကီလိုဂရမ်လျော့ကျသွားပြီး ကိုယ်အလေးချိန်လျှော့ချသည့် ခွဲစိတ်မှုအားအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆေးရုံ၏ ထုတ်ပြန်ချက်၌ Eman ၏ အစာအိမ်အစိတ်အပိုင်းများကို ဖယ်ထုတ်ပစ်သည့် ခွဲစိတ်မှုအားအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ၎င်းအားမေ့ဆေးပေး၍ ခွဲစိတ်ကုသစဉ် ထူးခြားသည့်ဖြစ်စဉ်များ မရှိခဲ့ကြောင်း ပါရှိသည်။ထုတ်ပြန်ချက်တွင် Eman သည် အရည်ကိုသာ အစာအဖြစ်တိုက်ကျွေးထားခြင်းကို ကောင်းစွာလက်ခံနိုင်စွမ်းရှိပြီး မကြာမီအချိန်အတွင်း အီဂျစ်နိုင်ငံသို့ ပြန်နိုင်လောက်သည်အထိ ကိုယ်အလေးချိန်လျော့ကျသွားစေရန် ဆရာဝန်များက ကြိုးစားနေကြောင်း ပါရှိသည်။

Eman၏ မိသားစုဝင်များက Eman အိမ်အပြင်သို့မထွက်သည်မှာ ၂၅နှစ်ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။Eman သည် မွမ်ဘိုင်းမြို့သို့ ဖေဖော်ဝါရီလတွင် စင်းလုံးငှားလေယာဉ်ဖြင့်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစောပိုင်း၌ ကိုင်ရိုမြို့ရှိ အိန္ဒိယသံရုံးက Emanကိုယ်တိုင် ပြည်ဝင်ခွင့်ဗီဇာ လာရောက်လျှောက်ထားခြင်း မရှိ၍ ပြည်ဝင်ခွင့်အား ပယ်ချခဲ့သော်လည်း Eman၏ခွဲစိတ်ဆရာဝန်က အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး Sushma Swaraj၏ တွစ်တာစာမျက်နှာတွင် Eman၏အခြေအနေကို ရေးသားဖော်ပြခဲ့သည့်နောက်ပိုင်း ဝန်ကြီးက အကူအညီပေးရန် အလျင်အမြန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)