တိုကျို၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) “ဆာနာအဲ တာကာအိချိ အခုလုပ်နေတဲ့ ကိစ္စက အားလုံးကို ‘မီးနီဆိုပေမယ့် အားလုံးအတူဖြတ်မယ်ဆို ကြောက်စရာမလိုဘူး။ ထိုင်ဝမ်ပြဿနာဆိုတဲ့ ဒီမျဉ်းနီကို အားလုံးအတူနင်းမယ်ဆို ကြောက်စရာမဟုတ်ဘူး’ လို့ ပြောနေတာနဲ့ တူတူပဲ” ဂျပန်နိုင်ငံ ဂဲအိုအိတက္ကသိုလ် အထူးခန့်အပ်ထားသော တွဲဖက်ပါမောက္ခ အာရီနို ရိုအူစဂဲက...
ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟယ်ရုန်ချန်က ဇန်နဝါရီ ၁၅ ရက်တွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက တရုတ်နိုင်ငံအနေဖြင့် ဂျပန်သို့ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများ တင်ပို့မှုကန့်သတ်ချက် မြှင့်တင်ခြင်းကို ဖယ်ရှားပေးရန် တောင်းဆိုချက်နှင့်...
တိုကျို/ဆိုးလ်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်သည် ဇန်နဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ ဂျပန်နိုင်ငံသို့ ခရီးစဉ်သွားရောက်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် ဂျပန်နိုင်ငံ နာရခရိုင်၌ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ဂျပန်ဘက်က တွေ့ဆုံဆွေးနွေးမှုရလဒ်အား ပေါ်ပေါ်တင်တင် ထုတ်ပြန်ကြေညာခဲ့သော်လည်း...
တိုကျို၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် ဇန်နဝါရီ ၂၃ ရက်တွင် ဂျပန်အောက်လွှတ်တော်အား ဖျက်သိမ်း၍ ရွေးကောက်ပွဲ ကြိုတင်ကျင်းပမည့် ဆုံးဖြတ်ချက်ကို ဇန်နဝါရီ ၁၄ ရက်တွင် အာဏာရညွန့်ပေါင်းအစိုးရ အဆင့်မြင့်အလွှာထံသို့ တရားဝင်အသိပေးခဲ့ကြောင်း ဂျပန်မီဒီယာများ၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။ ဆာနာအဲ...
ပြုံယမ်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ခေတ်သစ် စစ်ဝါဒက ဂျပန်အတွက် အလုံးစုံ ပျက်သုဉ်းမှုကိုသာ သယ်ဆောင်ပေးမည်ဖြစ်ကြောင်း KCNA သတင်းဌာန၏ ဇန်နဝါရီ ၁၁ ရက်က ထုတ်ပြန်သော သုံးသပ်ချက်ဆောင်းပါးတွင် ဖော်ပြထားသည်။ နှစ်သစ်အစပျိုးကာလတွင် ဂျပန်နိုင်ငံ၏ လက်ယာစွန်းရောက် အာဏာပိုင်အင်အားစုသည် ခေတ်ကာလနှင့် သမိုင်းရေစီးကြောင်းကို ဗြောင်ကျကျ...
တိုကျို၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံရှိ နေရာများစွာတွင် အကြမ်းဖက်ဖြစ်ရပ် အများအပြား ဖြစ်ပွားလာပြီးနောက် ယင်းနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများအနေဖြင့် သတိဝီရိယရှိစွာ နေထိုင်ကြရန် တိုက်တွန်းကြောင်း ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်သည်။ ဖူကူအိုကာ၊ ရှီဇူအိုကာနှင့် အာအီချိ အပါအဝင် စီရင်စုများ၌ အကြမ်းဖက်ဖြစ်ရပ်များကို ဖော်ပြလျက်...
မော်စကို၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ဂျပန်စစ်ရာဇဝတ်သား ၂၀ ဦး ပါဝင်သည့် အမည်စာရင်းတစ်ခုကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်လိုက်ပြီး ဂျပန်စစ်ဝါဒီများ၏ ပြစ်မှုများကို ဆက်လက်ထုတ်ပြန်၍ ဖော်ထုတ်ပြသသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၂၅...
ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော နိုင်ငံနှင့် ပြည်သူအားလုံးအနေဖြင့် ကမ္ဘာကြီး မငြိမ်မသက်ဖြစ်ခြင်း၊ သမိုင်း၏ကြေကွဲဖွယ်ဖြစ်ရပ် ထပ်မံဖြစ်ပွားခြင်းမှ ရှောင်ရှားရေးအတွက် ဂျပန် လက်ယာယိမ်းအင်အားစု၏ စစ်ဝါဒ ပြန်လည်အသက်သွင်းမှုကို ပြတ်ပြတ်သားသား ဟန့်တားရန် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ကန်းက ဒီဇင်ဘာ ၂၅...
တိုကျို၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်အတွက် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ် ဥပဒေမူကြမ်းအား စံချိန်တင်အဖြစ် ယန်း ၉.၀၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံခန့်) လျာထားကြောင်း ဂျပန်ပြည်တွင်းမီဒီယာများက ဒီဇင်ဘာ ၂၆ ရက်၌ ဖော်ပြခဲ့သည်။ ထိုပမာဏမှာ ဧပြီလတွင်...
တိုကျို၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဂျပန်ပြည်သူများသည် ဒီဇင်ဘာ ၂၃ ရက်ညပိုင်းတွင် တိုကျိုမြို့ ဝန်ကြီးချုပ်အိမ်တော်ရှေ့၌ စုဝေးဆန္ဒပြမှုကျင်းပ၍ ထိုင်ဝမ်နှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောဆိုချက်ကို ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့ပြီး ဝန်ကြီးချုပ်အိမ်တော် လုံခြုံရေးမူဝါဒအား တာဝန်ယူရသည့် အရာရှိ၏ “နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး” ပြောဆိုချက်ကို ဝေဖန်ခဲ့ကြသည်။...