လန်ဒန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) တော့တင်ဟမ်ဟော့စပါးအသင်းမှ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်မှာ ဒူးအရွတ်ကြောပြတ်ဒဏ်ရာကြောင့် လာမည့်တစ်ရာသီလုံးနီးပါး အနားယူရမည်ဟု တော့တင်ဟမ်က အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။ မက်ဒီဆင်မှာ သြဂုတ် ၃ ရက်က တောင်ကိုရီးယားနိုင်ငံ၏မြို့တော် ဆိုးလ်၌ နယူးကာဆယ်နှင့်ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲ၏ ပွဲချိန် ၈၆ မိနစ်တွင် တော့တင်ဟမ်ဟော့စပါးအတွက် လူစားဝင်ကစားပြီးနောက်မကြာမီ...
တော့တင်ဟမ်အသင်း၏ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်မှာ ဒူးဒဏ်ရာကြောင့် ယခုရာသီ၏ လက်ကျန်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိကြောင်း ကလပ်အသင်းက မေ ၅ ရက်၌ အတည်ပြုခဲ့သည်။ မက်ဒီဆင်မှာ ဘိုဒို/ဂလင့်အသင်းအား အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် မေ ၁ ရက် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ...
— လီဗာပူးလ်အသင်းမှ ထွက်ခွာမည်ဟု အလက်ဇန်းဒါး အာနိုး အတည်ပြုခဲ့ပြီး ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖွယ်ရှိ လီဗာပူးလ်အသင်း၏ အင်္ဂလန်လက်ရွေးစင် ခံစစ်အစွန်လူ ထရန့် အလက်ဇန်းဒါး အာနိုးမှာ လာမည့်ဇွန်လကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးချိန်၌ အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း မေ ၅ ရက်၌ အတည်ပြုပြောဆိုခဲ့သည်။ အလက်ဇန်းဒါး အာနိုးက ထုတ်ပြန်ချက်တစ်စောင်၌ အဆိုပါ...