Africa & Middle East5 hours ago
“ပါလက်စတိုင်းနိုင်ငံရှိလာမည်မဟုတ်” ဟု နေတန်ယာဟု ဆို
ဂျေရုဆလမ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှု ဖြစ်ပေါ်ခဲ့သော ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ “E1 ဇုန်” ဂျူးလူမျိုး အခြေချနေထိုင်ရေးစီမံကိန်းကို တွန်းအားပေးဆောင်ရွက်ရန် ရည်ရွယ်သည့် သဘောတူညီချက်တစ်ရပ်ကို အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက စက်တင်ဘာ ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး “ပါလက်စတိုင်းနိုင်ငံရှိလာမည်မဟုတ်” ဟု ကြေညာခဲ့သည်။