မက္ကဆီကို စီးတီး၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဟေတီနိုင်ငံတွင် အောက်တိုဘာ ၆ ရက်နေ့ နှောင်းပိုင်းက အင်အား ၅.၉ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိချက်များအရသိရသည်။
တိုကျို၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ နာဂါနိုစီရင်စု နှင့် အနီးအနား ဧရိယာများတွင် အောက်တိုဘာ ၇ ရက်က အင်အား ၅.၁ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနက ဖော်ပြခဲ့သည်။
ဂျကာတာ၊ စက်တင်ဘာလ ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Sulawesi ပြည်နယ်တွင် စက်တင်ဘာလ ၂၈ ရက်က အင်အားပြင်းငလျင်များ ကြောင့် ဆူနာမီဖြစ်ပွားခဲ့ပြီး သေဆုံးသူ အရေအတွက် ၈၃၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နယူးယောက် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဖီဂျီကျွန်းများ၏ တောင်ပိုင်းတွင် (စက်တင်ဘာ ၁၆ ရက် ) ဂရင်းနစ်စံတော်ချိန် ၂၁:၁၁:၄၈ နာရီတွင် ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိတိုင်းတာရေးဌာန ကဆိုသည်။
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ Kermadec ကျွန်းများတွင် စက်တင်ဘာလ ၁၀ ရက် ပေကျင်းစံတော်ချိန် နေ့လယ် ၁၂း၁၈ နာရီက ပြင်းအားပမာဏ ၇ ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်များစင်တာ (CENC) အရ သိရသည်။
တီဟီရန် ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အနောက်ပိုင်း Kermanshahပြည်နယ်တွင် သြဂုတ် ၂၆ ရက် နံနက်ပိုင်းက ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၅၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများ၏ သတင်းဖော်ပြချက်များအရ သိရသည်။
ဂျာကာတာ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Lombok ကျွန်း တွင် သြဂုတ် ၅ရက်က လှုပ်ခတ်ခဲ့သော ငလျင်ပြင်းကြောင့် သေဆုံးသူ ဦးရေသည် ၄၆၀ဦးကျော်အထိ မြင့်တက်လာပြီး ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများအောက်မှ သေဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ဌာန မှ တာဝန်ရှိသူတစ်ဦး က...
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) မြန်မာ့ကမ်းရိုးတမ်း နှင့် (၅၆)မိုင်ခန့် ကွာဝေးသော မြောက်လတ္တီတွဒ် ၁၆.၀၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၂၆ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဂျာကာတာ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Lombok ကျွန်းတွင် သြဂုတ် ၅ရက် က အင်အား ၇.၀ ပမာဏရှိ အင်အား အလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် သေဆုံးသူဦးရေသည် ၉၁ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူ အရေအတွက် ၂၀၉ဦးရှိလာကြောင်း တာဝန်ရှိသူတစ်ဦးက...
ဂျကာတာ ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ သြဂုတ် ၅ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇.ဝ အဆင့်ရှိ ငလျင်ကြောင့် အနည်းဆုံးလူပေါင်း ၈၂ ဦးသေဆုံးပြီး အခြားရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ နိုင်ငံအလယ်ပိုင်း Lombok ကျွန်းပေါ်ရှိ လူနေအိမ် နှင့် အဆောက်အအုံ...