ပိန့်ပု၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ပိန့်ပု မြို့တွင် ပြုလုပ်သည့် မူလတန်းကျောင်းနည်းပညာပွဲတော်တစ်ခု၌ စက်ရုပ်နှစ်ရုပ်က ဦးဆောင်ကပြခဲ့ကြသည်။ အဆိုပါပွဲအခမ်းအနားက သိပ္ပံပညာရေးကို မည်သို့ထိတွေ့ဆက်ဆံနိုင်ပြီး ပျော်ရွှင်ဖွယ်ကောင်းအောင် လုပ်နိုင်မည်ကို ပြသခဲ့သည်။ (Xinhua) …………………………………….. (English Version) Robots lead...
ကွေ့ကျိုး၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ကွေ့ကျိုးပြည်နယ်ရှိ တရုတ်နိုင်ငံ တောင်ပိုင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အားကစားပွဲတော်တစ်ခုတွင် စက်ရုပ်များက ငွေကြယ်ပွင့် ဖျော်ဖြေရေးသမားများဖြစ်လာခဲ့ပြီး ၎င်းတို့၏ ပြေပြစ်ညက်ညောသော လှုပ်ရှားဟန်များက လူအများအပြားကို အံ့ဩမင်သက်စေခဲ့သည်။ (Xinhua) …………………………………….. (English Version) Robots steal spotlight at Chinese...
ချောင်ရှန့်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချောင်ရှန့်ခရိုင်တွင် ကျင်းပသည့် ဟန့်ဖူယဉ်ကျေးမှုပွဲတော်၌ ဟန့်ဖူရိုးရာဝတ်စုံများဝတ်ဆင်ထားသော စက်ရုပ်များက စင်မြင့်ထက်တွင်ထွက်ပေါ်လာခဲ့ပြီး ရိုးရာအဝတ်အစားဝတ်စားဆင်ယင်မှုပုံစံများကို ကခုန်လျက်တင်ဆက်ပြသခဲ့သည်။ (Xinhua) …………………………………….. (English Version) Robots in Hanfu dance on stage At...
နန်နင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) အနာဂတ်သို့ လျှောက်လှမ်းကြပါစို့၊ နန်နင်းမြို့တွင် ကျင်းပသည့် ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲက ဉာဏ်ရည်တုနည်းပညာပြခန်းဖွင့်ပွဲမှာ လက်ဝှေ့ထိုးကွက်များ ဟန်ရေးပြနေသော လူပုံစံတူစက်ရုပ်များနှင့် နောက်ကျွမ်းထိုးပြကာ လက်ပြနှုတ်ဆက်နေသော စက်ရုပ်ခွေးလေးများဖြင့် လာရောက်ကြည့်ရှုလေ့လာသူများအား အံ့ဩမင်သက်စေခဲ့သည်။ (Xinhua) …………………………………….. (English Version)...
ဟိုင်နန်၊ မေ ၁၃ ရက် (ဆင်ဟွာ) အပူပိုင်းဒေသကိုးခုမှ စိုက်ပျိုးရေးအရာရှိ ၃၅ ဦးနှင့် နည်းပညာကျွမ်းကျင်သူများသည် လယ်ယာစိုက်ပျိုးရေး၏ အနာဂတ်ကို ပုံဖော်လျက်ရှိသော နောက်ဆုံးပေါ်ခေတ်မီဆန်းသစ်တီထွင်မှုများဖြစ်သည့် ရာဘာအစေးခြစ်စက်ရုပ်များအား စူးစမ်းလေ့လာရန်အတွက် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်ကို အတူတကွ ရောက်ရှိလာခဲ့ကြသည်။ (Xinhua) …………………………………….. (English Version) Chinese rubber-tapping...
ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အပြေးအခုန်အားကစားနှင့် သက်ဆိုင်သော အစဉ်အလာနှင့် နောက်ဆုံးပေါ် နည်းပညာတို့ကို သမိုင်းဝင် ပေါင်းစပ်မှုအဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် တစ်ဝက်မာရသွန် အပြေးပြိုင်ပွဲတွင် လူသားအပြေးပြိုင်ပွဲဝင်များနှင့် လူပုံစံတူစက်ရုပ်များက ပြေးလမ်းတစ်ခုတည်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/2X3...
ထျန်းကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ) ၂၁ ကြိမ်မြောက် တရုတ်နိုင်ငံတကာ စက်ပစ္စည်းနှင့် ကုန်ထုတ်လုပ်ငန်းကုန်စည်ပြပွဲ (CIEX) ၌ ဉာဏ်ရည်ထည့်သွင်းထားသော စက်ရုပ်များက လာရောက်ကြည့်ရှုလေ့လာသူများအား ၎င်းတို့၏ စွမ်းဆောင်ရည်များကို ပြသခဲ့ကြသည်။ (Xinhua) ………………………… (English Version) Meet versatile robots at...
ချုံချင့်၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင့်မြို့တွင် မာရသွန်ပြိုင်ပွဲတစ်ခုနှင့်တွဲလျက် လူပုံစံတူ စက်ရုပ်အချို့နှင့် ဉာဏ်ရည်ထည့်သွင်းထားသော စက်ရုပ်ခွေးများအား မတ်လ ၂ ရက်က ပြသခဲ့သည်။ (Xinhua) …………………………………….. (English Version) Robots showcased at marathon sidelines...
လာ့စ်ဗီးဂတ်စ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ထိပ်တန်းနည်းပညာပြပွဲ 2025 Consumer Electronics Show (CES) တွင် ပြသထားသည့် လူအများ၏ အာရုံကိုဖမ်းစားထားနိုင်သော စက်ရုပ်အချို့အား ဤရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua) …………………………………….. (English Version) Eye-catching...
တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ကား (EV) ထုတ်လုပ်သူများက စက်ရုံများတွင် လူသားသဏ္ဌာန်တူ စက်ရုပ်များကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။ ယင်းစက်ရုံများ၌ အလုပ်တာဝန် ၇၀ ရာခိုင်နှုန်းခန့်ကို လက်ရှိ စက်ရုပ်များက ကိုင်တွယ်လုပ်ဆောင်နေကာ ကျန်ရှိသည့် အလုပ်တာဝန် ၃၀ ရာခိုင်နှုန်းကို လူသားများက လုပ်ဆောင်နေသော်လည်း နောက်ဆုံးတွင်မူ စက်ရုပ်များက နောက်ထပ် အလုပ်တာဝန်...