ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တောင်ပိုင်းတွင် စက်လှေတိမ်းမှောက်မှု ဖြစ်ပွားပြီး အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းအထိ လူ ၈ ဦးထက်မနည်း သေဆုံးကာ ၁၈ ဦး ပျောက်ဆုံးနေကြောင်းနှင့် ၁၁ ဦးမှာ ဆေးရုံ၌ ကုသမှုခံယူလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။...
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညောင်အုပ်ကျေးရွာအုပ်စု၊ ချင်းလျားကျေးရွာအနီး၊ ကွင်း အမှတ် (၂၂)ရှိ ဇီးတောဆည်(ဆားတောင်ဆည်)အတွင်း စက်လှေတိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည် ၁၃ ဦးသေဆုံး၍ တစ်ဦး ပျောက်ဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) စက်တပ်လှေတစ်စီး ဧပြီ ၁၅ ရက် (သြင်္ကန်အကြတ်နေ့)၌ နံနက် ၁၀ နာရီခွဲက ချင်းတွင်းမြစ်အလယ်တွင် နစ်မြုပ်တိမ်းမှောက်ခဲ့မှုကြောင့် သေဆုံးသူစုစုပေါင်းမှာ ဧပြီ ၁၆ ရက် ညနေပိုင်းတွင် ၁၁ ဦးထိ ရှိလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။