ဟိုင်ခို၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ တည်ဆောက်မှုက အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု စင်မြင့်သစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းနှင့် ပါကစ္စတန်နိုင်ငံ၏ ပြန်လည်ရှင်သန်နိုးကြားရေး၌လည်း အရေးပါသောအခန်းကဏ္ဍတစ်ခု အဖြစ် ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၂၁ ရက်တွင် ပြောကြားလိုက်သည်။
လာဟိုး၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ လာဟိုး မီးရထားလမ်း လိမ္မော်ရောင်လိုင်း စီမံကိန်း (OLMT)တည်ဆောက်ပြီးစီးခြင်းနှင့် စမ်းသပ်အသုံးပြုမောင်းနှင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။၎င်းမှာ ပါကစ္စတန်၏ ပထမဆုံး လူအများအပြား ခရီးသွားနိုင်သော မြို့ပြရထားလမ်း စီမံကိန်း အောင်မြင်စွာတည်ဆောက်ပြီးစီးခြင်း ဖြစ်ကြောင်း သိရသည်။