ဘန်ကောက်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၏ ယခုနှစ် စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂ ဒသမ ၈ ရာခိုင်နှုန်းရှိလာနိုင်ကြောင်းကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံ၏ ပြည်ပပို့ကုန်လုပ်ငန်းများ အားနည်းနေမှုနှင့် အစိုးရအသုံးစရိတ်အတည်ပြုရန် နှောင့်နှေးခဲ့မှုများကြောင့် ထိုင်းနိုင်ငံ၏ ယခုနှစ် စီးပွားရေး တိုးတက်မှုနှုန်းကို ကမ္ဘာ့ဘဏ်က ပြန်လည်ပြင်ဆင်သတ်မှတ်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်...
အမေရိကန်၏ ၂၀၂၂ ခုနှစ် စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ၂.၉ ရာခိုင်နှုန်းသို့ လျှော့ချလိုက်ပြီး တစ်လမပြည့်မီအချိန်အတွင်းမှာပင် ၎င်း၏စီးပွားရေးတိုးတက်မှုနှုန်းကို ၂.၃ ရာခိုင်နှုန်းအထိ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သိသိသာသာလျှော့ချ ခန့်မှန်းခဲ့သည်။ ထို့အပြင် “ငွေကြေးဖောင်းပွမှု အောက်ခြေကျယ်ကျယ်ပြန့်ပြန့်မြင့်တက်လာခြင်း” က အမေရိကန်နှင့်ကမ္ဘာ့စီးပွားရေးအပေါ် “ဆက်စပ်သော အန္တရာယ်များ” ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့သည်။...