ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးတိုးတက်မှု မြှင့်တင်ရာတွင် ကြီးမားသောလှုံ့ဆော်မှုကို လုပ်ဆောင်မည့်အစား ရည်မှန်းထားသော ဆောင်ရွက်ချက်များကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မေ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွက် သီးခြားစီးပွားရေး ဖွံ့ဖြိုးမှု ရည်မှန်းချက်များမချမှတ်သော်လည်း ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အောင်နိုင်ရေးနှင့် အလယ်အလတ်အဆင့် ဘက်စုံသာယာဝပြောသည့် လူမှုအသိုင်းအဝိုင်း ပြီးပြည့်စုံစွာတည်ဆောက်ရေး အစရှိသည့် ဖွံ့ဖြိုးရေးပန်းတိုင်များ အောင်မြင်ရေးအတွက် သေသေချာချာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဥပဒေပြုရေးအစည်းအဝေးသို့ တင်သွင်းသည့် အစိုးရ၏လုပ်ငန်းအစီရင်ခံစာအရ သိရသည်။
ဘရပ်ဆဲလ်၊ မေ ၇ ရက်(ဆင်ဟွာ) COVID-19ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ဥရောပတိုက်၏စီးပွားရေးသည် သမိုင်းဝင်ကျဆင်းနိုင်ကြောင်း၊ ဥရောပသမဂ္ဂ၏စီးပွားရေးသည် ၇.၅ ရာခိုင်နှုန်းကျဆင်းနိုင်ပြီး ယူရိုဇုန်စီးပွားရေးသည် ၇.၇၅ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း ဥရောပကော်မရှင်က မေ ၆ ရက်တွင် ခန့်မှန်းပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ မေလ ၁ ရက် ထုတ်ပြန်ကြေညာချက်အရ တရုတ် နိုင်ငံ တွင် ကပ်ရောဂါ အား ကောင်းမွန်စွာဖြင့် နောက်တစ်ဆင့် ခိုင်မာစွာ ကာကွယ်ထိန်းချုပ်လာ...
ကွာလာလမ်ပူ ၊ မေ ၁ ရက်(ဆင်ဟွာ) မလေးရှား နိုင်ငံ၌ လတ်တလောတွင် COVID-19 ရောဂါ ဖြစ်ပွားမှု ကျဆင်းသွားပြီးနောက် စီးပွားရေး လုပ်ငန်းကြီးများ နှင့် လူမှုရေး လှုပ်ရှားဆောင်ရွက်မှု အများစုကို ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယနေ့ မေ ၁ ရက်တွင် မလေးရှား...
ပေကျင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်မှုလွယ်ကူစေရန်နှင့် အလုပ်ခန့်ထားမှုသေချာစေရေးအတွက် ပိုမိုကြိုးပမ်းအားထုတ်ကြရန် မတ် ၂၀ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း ၁၉ ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ ၊ အခြား ဝန်ဆောင်မှု ကဏ္ဍ နှင့် ဟိုတယ်ကဏ္ဍ တို့မှ လုပ်ငန်းသစ် ၁၂...
တီဟီရန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) အီရန်နိုင်ငံနျူကလီးယားစွမ်းအင်အဖွဲ့(AEOI)အကြီးအကဲ၏ အထူးလက်ထောက် Ali Asghar Zarean က အီရန်နိုင်ငံအနေဖြင့် ယူရေနီယံသန့်စင်ခြင်းကို “ သန့်စင်မှု မည်သည့်အဆင့်ထိမဆို” လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်ဟု အီရန်နိုင်ငံပိုင် ရုပ်သံက ဇန်နဝါရီ ၂၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။
နေပြည်တော်၊ ဇန်န၀ါရီ ၁၄ ရက်(ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှေးကွေးလာမှုနှင့် ပြည်တွင်း မရေရာ မသေချာမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကြံ့ကြံ့ခံ ရပ်တည်နိုင်စွမ်းကို ဆက်လက်ပြသလျက်ရှိပြီး ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက်မှု နှုန်းသည် ၆ ဒသမ ၄...
ဟော့စတန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး မြို့ဖြစ်သော ဟော့စတန်မြို့ရှိ လုပ်ငန်းရှင်များက တရုတ် နိုင်ငံနှင့် ၎င်းတို့၏ စီးပွားရေး ဆက်ဆံမှုများကို တိုးချဲ့ရန် စိတ်အားထက်သန်လျက်ရှိကြောင်း ဒေသခံ စီးပွားရေး ခေါင်းဆောင် တစ်ဦးက ပြောကြားခဲ့သည်။