Africa & Middle East5 hours ago
လက်ဘနွန်တောင်ပိုင်းရှိ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များအနီး အစ္စရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း ကုလသမဂ္ဂ စွပ်စွဲ
ဘေရွတ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) လက်ဘနွန်တောင်ပိုင်းရှိ ၎င်း၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များအနီး အစ္စရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို ပြင်းထန်စွာချိုးဖောက်မှု တစ်ခုဖြစ်ကြောင်း လက်ဘနွန်ရှိ ကုလသမဂ္ဂယာယီတပ်ဖွဲ့(UNIFIL) က နိုဝင်ဘာ ၁၆ ရက်၌ စွပ်စွဲပြောဆိုခဲ့သည်။