International Organizations6 months ago
ကစားသမားထွက်ခွာမှုများ ထပ်ရှိဦးမည်ဖြစ်သော်လည်း ဆယ်ဗင်ညို ဆက်ရှိနေရန် မန်စီးတီးနည်းပြ ဂွါဒီယိုလာ စိတ်အားထက်သန်နေ
လန်ဒန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက ယခုလမကုန်မီ နောက်ထပ်ကစားသမားများ အသင်းမှထွက်ခွာနိုင်ကြောင်း ဝန်ခံခဲ့သော်လည်း ထိုသူများထဲတွင် ဘရာဇီးတောင်ပံကစားသမား ဆယ်ဗင်ညို မပါဝင်နိုင်ဟု မျှော်လင့်ကြောင်း ပြောကြားလိုက်သည်။ ယခုနွေရာသီမှာ တောင်ပံကစားသမား ဂျိမ်းစ် မက်အတီးကလည်း ထွက်ခွာရန် ချိတ်ဆက်ခဲ့ခြင်းနှင့်အတူ ဂျက်ခ် ဂရီးလစ်ရှ်၊ ကယ်ဗင်ဒီဘရိုင်းနားနှင့်...