ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံရှိ ၎င်းတို့ စစ်အခြေစိုက်စခန်းများ၏ အခြေအနေနှင့် စပ်လျဥ်း၍ ဆီးရီးယားနှင့် ဆွေးနွေးနေဆဲဖြစ်ကြောင်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စကော့ဗ်က ဒီဇင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။ ထိုကိစ္စရပ်နှင့် ပတ်သက်၍ အပြီးသတ် ဆုံးဖြတ်ချက်မချရသေးကြောင်းလည်း ပက်စကော့ဗ်က ဆိုသည်။ လက်ရှိတွင် ရုရှားနိုင်ငံက ဆီးရီးယား၌ စစ်အခြေစိုက်စခန်းနှစ်ခု...
တရုတ်နိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံတွင် ဆောလျင်စွာ ငြိမ်းချမ်းရေးဖြစ်ထွန်းမှုကို ထောက်ခံအားပေးကြောင်း၊ အလုံးစုံပါဝင်သော အပြန်အလှန် ဆွေးနွေးမှုမှတစ်ဆင့် ပြည်သူများ၏ ဆန္ဒနှင့် ကိုက်ညီသည့် ပြန်လည်တည်ဆောက်ရေး အစီအစဥ်အား ရှာဖွေရာတွင်လည်း ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒီဇင်ဘာ ၁၃ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zy5...
ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်တွင် ညအချိန်၌ ပြင်းထန်သော သေနတ်သံများကို ကြားခဲ့ရပြီး ယင်းမြို့မှ ထွက်ခွာလာသော မော်တော်ကားများကြောင့် လမ်းမများပေါ်တွင် များပြားလှသည့် ယာဥ်အသွားအလာများကို မြင်တွေ့ခဲ့ရကြောင်း သိရသည်။ ထိုအတောအတွင်း သူပုန်များသည် ဒမတ်စကပ်စ်မြို့တွင်းသို့ ဒီဇင်ဘာ ၈ ရက် ဒေသစံတော်ချိန် နံနက်အရုဏ်တက်ချိန်၌ ဝင်ရောက်လာခဲ့သည်ဟု အတိုက်အခံ တက်ကြွလှုပ်ရှားသူများက...
ဒမတ်စကပ်စ်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ဇွန် ၃ ရက်က သန်းခေါင်ကျော်နောက်ပိုင်းတွင် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အီရန်လိုလားသော ပြည်သူ့စစ် ၁၂ ဦး သေဆုံးကြောင်း ဆီးရီးယားလူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။ဆီးရီးယားနှင့် ဆီးရီးယားမဟုတ်သော နိုင်ငံသားများဖြင့် ဖွဲ့စည်းထားသည့် အဆိုပါပြည်သူ့ စစ်အဖွဲ့သည်...
ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံသား ၂၇၀ ဦးကို တင်ဆောင်ထားသောာ ဟာ့ဂ်ျ စင်းလုံးငှားလေယာဉ်သည် ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မှ ဆော်ဒီအာရေဗျနိုင်ငံရှိ ပင်လယ်နီကမ်းရိုးတန်းမြို့ ဂျက်ဒါသို့ မေ ၂၈ ရက် နံနက်အစောပိုင်းတွင် ပျံသန်းလာခဲ့ရာ နှစ်နိုင်ငံအကြား (၁၂)နှစ်ကြာ ပြတ်တောက်ခဲ့သော ဟာ့ဂ်ျစင်းလုံးငှားလေယာဉ်...
ဒမတ်စကပ်စ်၊ မေ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် စွမ်းအင်သစ်နယ်ပယ်တွင် ကြွယ်ဝသောအတွေ့အကြုံများရရှိပြီး ကမ္ဘာ့ထိပ်တန်းအဆင့်တွင် ရှိနေကြောင်း၊ တရုတ်နိုင်ငံ၏ စွမ်းအင်သစ်နည်းပညာက ဆီးရီးယားနိုင်ငံ လျှပ်စစ်ဓာတ်အားပေးအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးတွင် ပိုမိုအရေးပါသော ကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း ဆီးရီးယားလျှပ်စစ်ဝန်ကြီး Ghassan Zamal က မြို့တော် ဒမတ်စကပ်စ်၌ ဆင်ဟွာသတင်းဌာနမှ...
ဒမတ်စကပ်စ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်၌ ပြီးခဲ့သောသီတင်းပတ်က အစ္စရေးတိုက်ခိုက်မှုကြောင့် ယခင်ကောင်စစ်ဝန်ရုံး ဖျက်ဆီးခံရပြီးနောက် ကောင်စစ်ဝန်ရုံးအဆောက်အအုံသစ်အား အီရန်နိုင်ငံခြားရေး ဝန်ကြီး Hossein Amir-Abdollahian က ဧပြီ ၈ ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua) …………………….. (English...
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံက တရုတ်တစ်နိုင်ငံတည်း မူဝါဒအား ထောက်ခံကြောင်းနှင့် ၎င်းတို့၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် တရုတ်နိုင်ငံ၏ အခွင့်အရေးအား အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ ဆီးရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Bassam Sabbagh က စက်တင်ဘာ ၂၆ ရက်က ပြုလုပ်သည့်...
ဒမတ်စကတ်စ် ၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ သမ္မတအာဆတ်က လောင်စာဆီဈေးနှုန်း သိသိသာသာမြင့်တက်လာခဲ့သည့်အတွက် အစိုးရအနေဖြင့် လစာများ ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် ဩဂုတ် ၁၅ ရက်တွင် အမိန့်ထုတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ SANA ၏ ဖော်ပြချက်အရ သိရသည်။ နိုင်ငံဝန်ထမ်းများ ၊ အငြိမ်းစားများ...
ဒမတ်စကတ်စ် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ ဝန်ကြီးချုပ် Mohammed Shia’ al-Sudani က ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်စ်သို့ ဇူလိုင် ၁၆ ရက်တွင် ရောက်ရှိခဲ့ပြီး ဆီးရီးယား အကျပ်အတည်း ဖြစ်ပွားခဲ့သော လွန်ခဲ့သော ၁၂ နှစ်မှ စ၍ ပထမဆုံးအနေဖြင့်...