မကာအို၊ မေ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတကာအရေးပေါ် ဆေးကုသရေးအဖွဲ့ (မကာအို) (အောက်ဖော်ပြပါသတင်းတွင် ဆေးကုသရေးအဖွဲ့ဟု အတိုကောက်အားဖြင့် ခေါ်ဆိုမည်) သည် မြန်မာနိုင်ငံ၌ ၁၄ ရက်ကြာ ငလျင်အလွန် အရေးပေါ် ဆေးကုသရေးလုပ်ငန်းများ လုပ်ဆောင်ပြီးစီး၍ မေ ၉ ရက်တွင် မကာအိုသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
မကာအို၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ နိုင်ငံတကာ အရေးပေါ်ဆေးကုသရေးအဖွဲ့ (မကာအို) အဖွဲ့ဝင် ၅ ဦးသည် ဧပြီ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ စတင်ထွက်ခွာသွားကြောင်း၊ ငလျင်အလွန် အရေးပေါ် ဆေးကုသရေးဆိုင်ရာ ညှိနှိုင်းမှုလုပ်ငန်းများနှင့် နည်းပညာထောက်ပံ့ရေးလုပ်ငန်းများကို...