ပေကျင်း၊ မတ် ၁၈ ရက်(ဆင်ဟွာ) ယခုကာလများတွင် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ယူကရိန်းနိုင်ငံရှိ ဇီဝဓာတ်ခွဲခန်းနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက အထူးဂရုပြုနေကြသည်။ အမေရိကန်နိုင်ငံ၏ ပြည်တွင်းပြည်ပ ဇီဝစစ်ရေးအသွင်ပြောင်းလှုပ်ရှားမှုနှင့် စပ်လျဉ်းသည့် သတင်းများ အဆက်မပြတ်ထွက်ပေါ်နေပြီး ယင်းလှုပ်ရှားမှုများ၏ ပွင့်လင်းမြင်သာခြင်းမရှိမှု၊ အန္တရာယ်မကင်းမှု၊ တရားမဝင်မှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်တကြီး သံသယဖြင့် စောင့်ကြည့်လျက်ရှိနေသည်။
ပေကျင်း၊ မတ် ၉ ရက်(ဆင်ဟွာ) ယူကရိန်းတွင် အမေရိကန် ဇီဝဓါတ်ခွဲခန်းတွေ့ရှိမှု အာရုံစိုက်စရာဖြစ်လာသည့်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယူကရိန်း၌ရှိသည့် အမေရိကန် ဇီဝ စစ်ရေးလှုပ်ရှားသည့် တစ်စိတ်တစ်ပိုင်းအနည်းငယ်သာ ဖြစ်ကြောင်း မတ်လ ၈ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်ဘက်က ၎င်း၏ပြည်တွင်းပြည်ပ ဇီဝစစ်ရေးအသွင်ပြောင်းလှုပ်ရှားများကို အဖက်ဖက်က ဖြေရှင်းရန်နှင့်...