Media3 years ago
အမေရိကန်နိုင်ငံဘက်မှ ယူကရိန်းရှိဇီဝဓါတ်ခွဲခန်းများ၏အသေးစိတ်အချက်အလက်များထုတ်ပြန်ပေးရန် တရုတ်နိုင်ငံကတိုက်တွန်း
ပေကျင်း၊မတ် ၁၀ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံတွင်ရှိသည့် ဇီဝဗေဒ ဓါတ်ခွဲခန်းများ၏အသေးစိတ်အချက်အလက်များအားလုံးကိုထုတ်ပြန်ပေးရန်နှင့် ၎င်းတို့၏ဘေးကင်းရေးကိုအာမခံချက်ပေးနိုင်ရန်သက်ဆိုင်ရာအသီးသီးသို့ မတ်လ၈ရက် (အင်္ဂါနေ့)တွင်တိုက်တွန်းတောင်းဆိုခဲ့သည်။ မကြာသေးမီကထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်များထဲတွင် အဆိုပါဇီဝဓါတ်ခွဲခန်းများ၌ အန္တရာယ်ရှိသည့်ဗိုင်းရပ်စ်ပမာဏများစွာသိုလှောင်ထားရှိပြီးအမေရိကန်က ဇီဝဗေဒ စစ်ရေးအစီအစဉ်များအတွက်အသုံးပြုရန်ဖြစ်သည်ကို ရုရှားနိုင်ငံဘက်မှစစ်ဆင်ရေးလုပ်ဆောင်စဉ် တွေ့ရှိခဲ့ရသည်ဟုဖော်ပြပါရှိသည်။ ယူကရိန်းပြည်သူများ၊ပတ်ဝန်းကျင် နှင့်တစ်ကမ္ဘာလုံး ၏ကျန်းမာရေးနှင့်လုံခြုံရေးအတွက် သက်ဆိုင်ရာ အဖွဲ့များနှင့် နိုင်ငံများအနေဖြင့်အဆိုပါဓါတ်ခွဲခန်းများ၏ဘေးကင်းလုံခြုံစေရေးကို အသေအချာအာမခံ...