Media3 years ago
(CIIE) တရုတ်နိုင်ငံက အဆင့်မြင့် တံခါးဖွင့် စီးပွားရေးစနစ်ကို တစိုက်မတ်မတ်တိုးမြှင့်လုပ်ဆောင်သွားမည်
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က “တရုတ်နိုင်ငံ အနေဖြင့် အဆင့်မြင့် တံခါးဖွင့် စီးပွားရေးစနစ်ကို တစိုက်မတ်မတ်တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း” နိုဝင်ဘာ ၄ ရက်က ပြောကြားခဲ့သည်။ စတုတ္ထကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ရုပ်သံလင့်ခ်မှတစ်ဆင့် ရှီက မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ကန့်သတ်စာရင်း ထပ်မံလျှော့ချသွားရန်...