Politics, Law & Military3 years ago
မြန်မာနိုင်ငံတွင် လူမှုတည်ငြိမ်ရေး ပြန်လည်ရရှိအောင် ကူညီရန် တရုတ်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ လုပ်ဆောင်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနပြောကြား
ပေကျင်း ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ လူမှုဘဝတည်ငြိမ်ရေး ပြန်လည်ရရှိရန် ကြိုးပမ်းအားထုတ်မှု နှင့် စောနိုင်သမျှဆောလျင်စွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးပြန်လည်စတင်နိုင်ရန် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ လက်တွဲကာ အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။