ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် ယခုရက်ပိုင်းများတွင် ထိုင်ဝမ်နှင့်သက်ဆိုင်သော ပြောင်ပြောင်တင်းတင်း ရန်စသည့် ပြောဆိုချက်များကို လူသိရှင်ကြား ဖော်ပြခဲ့ရာ တရုတ်ပြည်မကြီးက ထိုင်ဝမ်ဒေသအပေါ် အင်အားသုံးခြင်းက ဂျပန်နိုင်ငံ၏ “ရပ်တည်ရှင်သန်မှုအပေါ် ခြိမ်းခြောက်မှု ဖြစ်စေသည့် အခြေအနေ” ဖြစ်နိုင်ကြောင်း ကြေညာပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဝင်ငွေသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လတာအတွင်း ယခင်နှစ်ကာလတူထက် ၀.၈ ရာခိုင်နှုန်း မြင့်တက်ပြီး ယွမ် ၁၈.၆၅ ထရီလီယံ နီးပါး (အမေရိကန်ဒေါ်လာ ၂.၆၃ ထရီလီယံခန့်) ရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုဝင်ဘာ...
ဂျကာတာ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သဘာဝအရင်းအမြစ်ဝန်ကြီးဌာနအောက်ရှိ ပထမဆုံးသမုဒ္ဒရာဗေဒအင်စတီကျုနှင့် အင်ဒိုနီးရှားနိုင်ငံ ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနတို့ ပူးတွဲစီစဉ်သည့် တရုတ်-အင်ဒိုနီးရှား ရေကြောင်းနည်းပညာသင်တန်းအစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာ၌ နိုဝင်ဘာ ၁၇ ရက်က ဖွင့်လှစ်ခဲ့သည်။
ဒူဘိုင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ၁၉ ကြိမ်မြောက် ဒူဘိုင်းလေကြောင်းပြပွဲကို ဒူဘိုင်းကမ္ဘာ့ဗဟိုဌာန၌ နိုဝင်ဘာ ၁၇ ရက်က ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းဖြစ် C919 လေယာဉ်နှစ်စင်းကို အရှေ့အလယ်ပိုင်းဒေသတွင် ပွဲဦးထွက်ပြသခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်-ဂျာမနီ အဆင့်မြင့် ဘဏ္ဍာရေးတွေ့ဆုံဆွေးနွေးပွဲ၏ တရုတ်ဘက်ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် ဂျာမနီဘက် ဦးဆောင်သူ၊ ဂျာမနီနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Lars Klingbeil တို့သည် နိုဝင်ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌...
ကျင်ဟုန် (ယူနန်)၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) နံနက်ခင်း ၇ နာရီတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်ဟုန်မြို့ မုန့်လုန်မြို့နယ် မုန့်ဆုန့်ရွာမှ ဟားနီလူမျိုး ရွာသူ တာ့မေ့သည် ၎င်းအိမ်၌နေထိုင်သည့် ဓာတ်ပုံဆရာများအား အချိန်မှန်ဦးဆောင်၍ ငှက်စောင့်ကြည့် လေ့လာရေးနေရာသို့ ခေါ်ဆောင်သွားကာ ထိုနေ့အတွက် “ငှက်စောင့်ကြည့်ရေး ဧည့်လမ်းညွှန်”...
ရှီးအန်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ကားအပိုပစ္စည်း၊ နေရောင်ခြည်စွမ်းအင်ပစ္စည်း၊ နယ်စပ်ဖြတ်ကျော် E-commerce ကုန်စည် အပြည့်တင်ဆောင်ထားသော အမှတ် X9043 တရုတ်-ဥရောပ ရထား (ရှီးအန်း) သည် တရုတ်နိုင်ငံ ရှီးအန်းအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဘူတာမှ အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် ဗားကူး သို နိုဝင်ဘာ ၁၇ ရက်...
ဆန်းကျန့်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ကျင်းပပြုလုပ်သည့် ၂၇ ကြိမ်မြောက် တရုတ် Hi-Tech နည်းပညာပြပွဲ၌ နည်းပညာမြင့်ဖန်တီးထုတ်လုပ်ထားသော စက်ရုပ်တစ်ရုပ်က လာရောက်လည်ပတ်သူများနှင့်အတူ “ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေး” ဂိမ်းကစားနေစဉ် လူအများ၏ အာရုံကိုဖမ်းစားနိုင်ခဲ့သည်။ (Xinhua) …………………………………….....
ပရာ့ဂ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ယခုနှစ်တွင် တရုတ်ဖူအယ်လက်ဖက်ခြောက်နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တို့ကို အဓိကထားပြီး ကမ္ဘာတစ်ဝန်းမှ လက်ဖက်ခြောက်ကျွမ်းကျင်သူများ၊ ပြသသူများနှင့် ဝါသနာရှင်များကို စုစည်း၍ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ဥရောပလက်ဖက်ရည်ကုန်စည်ပြပွဲကို ချက်သမ္မတနိုင်ငံ မြို့တော်ပရာ့ဂ်၌ နိုဝင်ဘာ ၁၇ ရက်က ကျင်းပပြီးစီးခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) မကြာသေးမီကမှ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည့် ဆာနာအဲ တာကာအိချိသည် လတ်တလောကာလအတွင်း အိမ်နီးချင်းနိုင်ငံ၏ အချုပ်အခြာအာဏာ နယ်မြေပိုင်နက်ပြည့်စုံမှုနှင့် သက်ဆိုင်သော၊ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုနှင့် သက်ဆိုင်သော အရေးကိစ္စတွင် မဟုတ်မမှန်စကားများ မကြာခဏပြောဆိုခဲ့သည်။